ရေဘေးအတွက် ကူညီမည့် ထွန်းထွန်းမင်း၏ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချမှု ကျပ်သိန်း(၅၀၀)ကြမ်းခင်းဈေးသတ်မှတ်ထားကာ အများဆုံးပေးနိုင်သူကို ပေးအပ်သွားမည်ဟု ထွန်းထွန်းမင်းက ယမန်နေ့တွင် ပြောကြားထားသည်။
လေလံတင်ရောင်းချမည့်ရက်အား စက်တင်ဘာ(၁၃)ရက်မှစက်တင်ဘာ(၂၀)ရက်အထိ သတ်မှတ်ထားပြီး အဆိုပါ ကြမ်းခင်းဈေးထက် ပိုပေးနိုင်သူအား စက်တင်ဘာ (၂၀)ရက်တွင် သိမ်ဖြူလက်ဝှေ့ရုံတွင် မီဒီယာများအရှေ့၌ ခါးပတ်အား ပေးအပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
” ကျွန်တော်ချန်ပီယံခါးပါတ် လေလံဈေး လာမေးကြတဲ့ညီကိုမောင်နှမတွေကို ကျွန်တော်အသက်နဲ့ ရင်းပြီး ကြိုးစားခဲ့တဲ့ ချန်ပီယံခါးပါတ်ကို ကျွန်တော်ကိုယ်တိုင်ဈေးမသတ်မှတ်ဘူး။ လူကြီးများနဲ့ တိုင်ပင်ပြီး လူကြီးတွေက ကြမ်းခင်း လေလံဈေးကို သိန်း (၅၀၀) သတ်မှတ်ထားတယ်။ သတ်မှတ်ထားတဲ့ လေလံ ဈေးထက်ကို အများဆုံးပေးနိုင်တဲ့ သူကို (၂၀)ရက် သောကြာနေ့ သိမ်ဖြူလက်ဝှေ့ရုံမှာမနက် (၁၀) နာရီချိန်မှာ မီဒီယာများရှေ့မှာပေးအပ်သွားပါမယ်”ဟု ဆိုထားသည်။
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချ၍ ရရှိလာသည့် ငွေကြေးအား တစ်ပြားတချပ်မကျန်ရေဘေးသင့်ပြည်သူများကို ကူညီမည်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းအနေဖြင့် ယခုလ စက်တင်ဘာ (၂၂)ရက် မွန်းလွဲပိုင်းတွင် ရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် မြန်မာပြည်အလွတ်တန်းချန်ပီယံ ခါးပတ် စိန်ခေါ်ပွဲအတွက် ယှဉ်ပြိုင်ထိုးသ-တ်ရန် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
