သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေသော ဘားအံမြို့ အနိမ့်ပိုင်း ရပ်ကွက်များတွင် နေအိမ်တစ်ခုလုံး ရေနစ်မြှပ်သည့် အခြေအနေများဖြစ်ပေါ်နေကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(ဘားအံ)၏ သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တစ်အိမ်လုံးရေနစ်မြှပ်သည့် ရပ်ကွက်မှာ မြေနိမ့်ပိုင်းများဖြစ်သော အမှတ်(၇)ရပ်ကွက် အပါအဝင် အောင်နန်း အနောက်ဘက်ရပ်ကွက်နှင့် တိုင်းရင်းဆေးရုံအနောက်ဘက်ရှိ ရပ်ကွက်များမှ နေအိမ်များဖြစ်ကြောင်း ဆိုသည်။
” ရေတက်တာမြန်တယ်။ အခုလည်းရေက တိုးနေတုန်းပါ။ အလုံးလိုက်မြုပ်တယ်ဆိုတာ အိမ်အနေအထားပေါ်လည်း ရှိတယ်။ မြေနိမ့်ပိုင်းဖြစ်တော့လေ။ အချို့အိမ်တွေက အိမ်မြင့်တော့အောက်ပိုင်းလောက်ပဲ မြှပ်တယ်။”ဟု ၎င်းက ဆိုသည်။
ထို့ပြင် အမှတ် (၁) ရပ်ကွက် ရွှေနှင်းဆီ၊အင်းလေးရပ်ကွက် အတွင်းရှိ နေအိမ်အချို့လည်း တစ်အိမ်လုံးရေနစ်မြှပ်သည့် အခြေအနေတွင်ရှိနေကြောင်း မြို့ခံတစ်ဦးကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်ကိုတွေ့ရသည်။
လက်ရှိတွင် ဘားအံမြို့၌ ကယ်ဆယ်ရေးစခန်း(၁၀)ခု ထက်မနည်းဖွင့်လှစ်ထားရပြီး လောက်ငှမှုမရှိဘဲ ရေဘေးရှောင်ဦးရေ များပြားလျှက်ရှိကြောင်း သိရသည်။
“ရေဘေးရှောင် စခန်းတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းမှာ အဓိက ဖွင့်ထားတာပေါ့။ တိုင်းရင်းဆေးရုံမှာလည်းဖွင့်ထားတယ်။ နေရာနဲ့ လူနဲ့ မလောက်ငှဘူး။ ရေဘေးရှောင်ဘယ်လောက်ရှိလဲဆိုတာတော့ အခု စာရင်းအတိအကျမသိရသေးပါဘူး။ အရင်တစ်ခေါက် ရေကြီးတုန်းကထက် များတယ်ဆိုတာလောက်ပြောနိုင်မယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။
သံလွင်မြစ်ရေသည် ယမန်နေ့ စက်တင်ဘာလ (၁၃)ရက် နံ နက်ပိုင်းမှစတင် မြင့်တက်လာပြီးနောက် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ထပ်မံမြင့်ဆဲဖြစ်ကာ ယနေ့ စက်တင်ဘာ (၁၄)ရက် ညနေ (၃)နာရီအချိန်၌ စိုး ရိမ်ရေမှတ်အထက် (၉၀၀)စင်တီမီတာကျော်အထိရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Saw Chaint Paung















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
