ဘာလင်–ဂျာမန်ရေတပ်စစ်သင်္ဘောနှစ်စင်းသည် အတိမ်အစောင်း မခံသော၊ ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားကို ပြီးခဲ့သည့်သောကြာနေ့ကဖြတ်သန်းခဲ့ကြောင်းသိရပြီး အဆိုပါအပြုအမူကို တရုတ်နိုင်ငံက ကန့်ကွက်နိုင်သည်ဟု မျှော်လင့်ထားကြောင်းသိရသည်။
Baden – Wuerttemberg အမည်ရှိ ဂျာမန် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနှင့် ထောက်ပံ့ရေးသင်္ဘော Frankfurt am Main တို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါအချက်အား အတည်ပြုပြောကြားခဲ့ပြီး ယခုဖြတ်သန်းမှုသည် မည်သူ့ကိုမျှထိခိုက်စေလိုခြင်းမရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် နိုင်ငံတကာရေကြောင်းသွားလာရေးကိုသာ အလေးထားဆောင်ရွက်သည့်အနေဖြင့် ဖြတ်သန်းသွားလာခြင်းမျိုးသာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှို့ဖ်ကမူ ယခုဖြတ်သန်းသွားလာမှုကို ပုံကြီးချဲ့နေစရာမလိုကြောင်းနှင့် နိုင်ငံတကာရေပိုင်နက်ထဲ ၌ စည်းကမ်းနှင့်အညီသွားလာခြင်းသာဖြစ်လို့ ရှည်ရှည်ဝေးဝေးရှင်းပြနေစရာမလိုဟုလည်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
ဂျာမန်ရေတပ်စစ်သင်္ဘောတစ်စင်းနှင့်ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကာ မြောက်ဘက်မှတောင်ဘက်သို့ ခုတ်မောင်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး ၎င်းတို့ဘက်မှ အခြေနေကိုစောင့်ကြည့်လုံခြုံရေးယူပေးခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
