ကလောမြို့တွင် ရေပြန်ကျနေပြီး အလောင်း ၁၂ လောင်းတွေ့ရှိ၊ အများစုမှာ မိသားစုလိုက် သေဆုံးမှုများဖြစ်နေကြောင်း ကလောမြို့တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူအချို့က ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက်အထိ ရရှိထားသည့် စာရင်းများအရ အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ဆယ်ကျော်သက်အမျိုးသားတစ်ဦးပါဝင်ကြောင်း ကလောမြို့တွင် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
" ဒီနေ့အထိ ၁၂ လောင်းတွေ့ပါတယ်။ ၁၁ လောင်းကတော့ ကျွန်တော်တို့ သဂြိုဟ်ပြီးသွားပြီ။ တစ်ယောက်ကတော့ မသဂြိုဟ်ရသေးပါဘူး။ကလေးက နှစ်ယောက်ပေါ့။ ရှစ်နှစ်တယောက်၊ ၁၈ နှစ်တစ်ယောက်ပါတယ်။ အခုဟာက မိသားစုလိုက် ဖြစ်တာများတယ်။ ရပ်ကွက် ၃ က အများဆုံးပဲ။ အိမ်လိုက်ကျွတ်ပါသွားတာပေါ့။ အဖေတစ်ယောက်ပဲ ကျန်တယ်။ အမေနဲ့ သားတစ်ယောက်ဆုံးသွားတာရှိတယ်" ဟု ကလောမြို့ခံ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ကလောမြို့တွင် ထိခိုက်မှုအများဆုံး ခံစားခဲ့ရသည့်နေရာများမှာ ရပ်ကွက် ၂၊ ၃၊ ၄ တို့ဖြစ်ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာအချို့တွင် သေဆုံးမှုများနှင့် ပတ်သက်ပြီး မမှန်သတင်းများ တက်နေသဖြင့် ဖြေရှင်းနေရကြောင်း အဆိုပါကလောမြို့ခံက ပြောကြားသည်။
" လူရာကျော်သေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲ့ဒါတွေ တွေ့ရင် ကျွန်တော်တို့မှာ အချင်းချင်းပြန်မေးရတယ်။ ဘယ်နေရာမှာတွေ့တာလဲဆိုပြီးတော့။ အခုထိတော့ ကျွန်တော်တို့ရထားတဲ့စာရင်းက ကျန်တဲ့သူတွေကိုပါ မေးထားတာပါ။ ၁၂ ဆိုတာက ဒီနေ့(စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်း) အထိ ရရှိထားတဲ့စာရင်းပါ" ဟု ကလောမြို့တွင် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ကလောမြို့တွင် လတ်တလောအေနေဖြင့် တင်ကျန်ခဲ့သည့် ရွှံများကို ပြန်လည်သန့်ရှင်းရေးလုပ်နေပြီး ဆေးဝါး၊ ဆန်၊ ဆီ အစရှိသည်တို့ လိုအပ်လျက်ရှိသည်ဟု သိရသည်။
" ကျွန်တော်တို့ဆီကို လာမေးကြတာ သွေးချို၊ ဆီးချိုဆေးတွေ လာမေးကြတယ်။ ပြီးတော့ ဆန်၊ ဆီနဲ့ ချက်စရာပြုတ်စရာပေါ့။ နောက်ကျတော့မှ ပြန်လည် ထူထောင်ရေးအပိုင်းအတွက် လိုအပ်မယ်။ အခုကတော့ ခုနက ပြောတာတွေ လိုအပ်နေတယ်" ဟု ကလောမြို့ခံ ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
