ဘယ်လ်ဂျီယံ ၂-၀ အင်္ဂလန်
နာမည်ကြီး အင်္ဂလန်အသင်းကတော့ ဒီပွဲမှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုတွင်းတတိယနေရာကိုရောက်သွားခဲ့ပြီး အုပ်စုဗိုလ်နေရာအတွက် မျှော်လင့်ချက်လည်း ကုန်ဆုံးသွားခဲ့တယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဘယ်လ်ဂျီယံ အသင်းနဲ့ တစ်ဖက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒိန်းမတ်အသင်းတို့က နောက်ဆုံးပွဲမှာ ထိပ်တိုက်တွေ့မှာ ဖြစ်ပြီး အုပ်စုဗိုလ်နေရာကို လုရမယ်။ ဘယ်လ်ဂျီယံကတော့ သရေတစ်မှတ်ရယူနိုင်ရုံနဲ့ အုပ်စုဗိုလ်အဖြစ် နောက်ဆုံးအဆင့်ပွဲစဉ်တွေကို တက်ရောက်နိုင်လိမ့်မယ်။
(၂-၀)ဆိုတဲ့ရလဒ်က ပြတ်သားခဲ့ပြီး ကွာခြားခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ ဒီပွဲမှာကစားခဲ့တဲ့ အသင်းနှစ်သင်းရဲ့ ခြေစွမ်းကတော့ မပြတ်သားခဲ့ဘူး။ အကြိတ်အနယ်ရှိခဲ့ပြီး အင်္ဂလန်က ဘယ်လ်ဂျီယံကို ယှဉ်ကစားနိုင်ခဲ့တယ်။ အ ခွင့်အရေးကောင်းတွေ ပိုမိုဖန်တီးနိုင်ခဲ့တာလည်း တွေ့ရတယ်။ အထူးသဖြင့် အင်္ဂလန်အသင်းရဲ့တိုက်စစ်ပိုင်းမှာ စပါးအတွက် ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ အသင်းခေါင်းဆောင် ဟာရီကိန်း ခြေစွမ်းပြခဲ့ပြီး ဘယ်လ်ဂျီယံခံစစ်ကို ဒုက္ခပေးနိုင်ခဲ့တာတွေ့ရတယ်။ အင်္ဂလန်အတွက် ခြေစွမ်းပြခဲ့တဲ့ နောက်ထပ်ကစားသမားတစ်ဦးကတော့ အားလုံးမျှော်လင့်တကြီး စောင့်ကြည့်နေတဲ့ ဂရီးလစ်ရှ်ပါ။ သွင်းဂိုး မရှိ၊ ဖန်တီးမှု မပါခဲ့ပေမဲ့ ဂရီးလစ်ရှ်ရဲ့ကစားပုံက စိတ်ဝင်စားစရာကောင်းခဲ့တယ်။ ဘယ်လ်ဂျီယံလို ကမ္ဘာ့အဆင့်ပြိုင်ဘက်အသင်းနဲ့ ပွဲမှာ သူဘာလုပ်နိုင်သလဲဆိုတာကို ပြသနိုင်ခဲ့ပြီး Key Pass တွေ၊ Chance Created တွေ လုပ်ပြနိုင်ခဲ့တာတွေ့ရတယ်။
ဘယ်လ်ဂျီယံအသင်းမှာတော့ တစ်ဦးချင်းကောင်းတဲ့သူ ဆွဲထုတ်ပြဖို့ထက် တစ်သင်းလုံးကောင်းခဲ့တယ်လို့ပဲ ပြောရမှာဖြစ်တယ်။ လူကာကူက တိုက်စစ်ပိုင်းမှာ တာဝန်ကျေကစားနိုင်ခဲ့သလို၊ အရေးပါတဲ့ ကာကွယ်မှုတစ်ခုအဖြစ် ဟာရီကိန်းရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ဂိုးစည်းပေါ်က ရှင်းထုတ်ပေးနိုင်ခဲ့တာလည်း တွေ့ရတယ်။ ဒီဘရိုင်းနား၊ ဒရီးစ်မာတင်၊ တီလေမန်းစ်အပါအဝင် တစ်သင်းလုံးလည်း ပုံမှန်ခြေစွမ်းမျိုး ပြသခဲ့တယ်။ ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးကို တီလေမန်းစ်က (၁၀)မိနစ်မှာ ဧရိယာအပြင်ကနေ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ဒရီးစ်မာတင်က (၂၄)မိနစ်မှာ ဖရီး ကစ်ကနေ သွင်းယူခဲ့တာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
