ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးဟောင်း ဘန်တနာက ဘူဖွန်နှင့် ပီယာလိုတို့သည် အသင်းအိမ်သာထဲတွင် ဆေးလိပ်ခိုးသောက်လေ့ရှိကြောင်း ဖော်ကောင်လုပ်ခဲ့သည်။
၂၀၁၂-၁၃ ရာသီတွင် ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိခဲ့သည့် ဘန်တနာက ''ဂျူဗင်တပ်စ်ကစားသမားဘဝ ပထမဆုံးနေ့မှာ အသင်းရေချိုးခန်းထဲ အသင်းဖော်တွေမတွေ့လို့ ကျွန်တော် အံ့အားသင့်ခဲ့ရတယ်။ နောက်မှ အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက်နေသူတွေ တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ ဘူဖွန်နဲ့ ပီယာလိုတို့လို ကစားသမားတွေပါဝင်ပြီး ဆေးလိပ်ခိုးသောက်သူ (၁၀)ယောက်၊ (၁၂)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကွင်းထဲရောက်ရင် ပရော် ဖက်ရှင်နယ်ပီသသူတွေပါ''ဟု ပြောကြားခဲ့သည်။
ဘန်တနာသည် အာဆင်နယ်အသင်းတွင်ကစားနေစဉ် ၂၀၁၂-၁၃ ရာသီက ဂျူဗင်တပ်စ်အသင်းသို့ တစ်ရာသီ အငှားသွားရောက်ကစားခဲ့ပြီး ၎င်းကြုံတွေ့ခဲ့ရသည်များကို BBC 5 Live Sport အစီအစဉ်တွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ယင်းရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် (၁၁)ပွဲသာကစားခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အသက်(၃၂)နှစ်အရွယ်သာရှိသေးသူ ဘန်တနာသည် ဒိန်းမတ်စတုတ္ထတန်းကလပ် Tarnby FF အသင်းတွင် ကစားနေလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
