ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် အသင်း၏အဓိကကစားသမား (၃)ဦးဖြစ်သော ဟာဇက်၊ ကက်စီမီရို နှင့် မီလီတိုတို့အား ဗီလာရီးယဲလ်နှင့် လာလီဂါပွဲစဉ်မတိုင်မီ ပြန်လည်သက်သာပြီး ကြံ့ခိုင်မှုပြည့်ဝစေရန် မျှော်လင့်နေကြောင်း သိရသည်။
အဆိုပါကစားသမား (၃)ဦးအနေဖြင့် လက်ရှိတွင် တစ်ဦးချင်းသီးခြား နေထိုင်ကုသမှုများ ပြုလုပ်နေပြီး ထပ်မံဆေးစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ် Negative ဖြစ်ပါက အသင်းနှင့် အမြန်ဆုံးပြန်လည်ပူးပေါင်းနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂)ရက်နေ့ တွင် ဘရာဇီးလ်နောက်ခံလူ မီလီတိုသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး နောက် (၅) ရက်အကြာတွင် ဟာဇက်နှင့် ကက်စီမီရိုတို့ ထပ်မံကူးစက်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ကစားသမား (၃) ဦးစလုံးအနေဖြင့် အခြေအနေကောင်းမွန်နေပြီဖြစ်သော်လည်း လာမည့်ရက်သတ္တပတ်အတွင်း ပွဲကစားရန် သင့်၊ မသင့်ကို စစ်ဆေးရဦးမည်ဖြစ်သည်။
ရီးယဲလ်အသင်းသည် နိုင်ငံတ ကာပွဲစဉ်များအပြီး ပြန်လည်ကစားမည့် လာလီဂါပွဲစဉ် (၁၀)တွင် အမှတ်ပေးဇယားအဆင့် (၂)နေရာမှ ဗီလာရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲအပြီး (၅)ရက်အကြာတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄)အဖြစ် အင်တာမီလန်အသင်းအား အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
