လက်ရှိရာသီကုန်ဆုံးချိန်တွင် ဘာစီလိုနာအသင်းမှ မက်ဆီ ထွက်ခွာပါက သစ္စာစောင့်သိကြေး ပေါင်သန်း (၃၀)ရရှိမည်ဖြစ်ကြောင်း သိရသည်။
မက်ဆီသည် လာမည့်နှစ်၊ ဇွန်လတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘာစီလိုနာအသင်းဘက်က စာချုပ်သက်တမ်းတိုးချင်နေသော်လည်း ဖြစ်လာရန် ခဲယဉ်းနေသည်။
ESPN ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မက်ဆီနှင့် ဘာစီလိုနာအသင်း ချုပ်ဆိုထားသောစာချုပ်ပါ အချက်အလက်များအရ သစ္စာစောင့်သိကြေး ပေါင်သန်း (၆၀)ပေးရမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည်ဖေဖော်ဝါရီလအတွင်း၌ မက်ဆီသည် သစ္စာစောင့်သိကြေး၏ ထက်ဝက်ပေါင်သန်း (၃၀) ရရှိထားပြီးဖြစ်သောကြောင့် ကျန်ရှိနေသည့် သစ္စာစောင့်သိကြေး ပေါင်သန်း (၃၀)ကို အသင်းမှထွက်ခွာပါက ရရှိမည်ဖြစ်သည်။
လက်ရှိအချိန်၌ ဘဏ္ဍာရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းအတွက် မက်ဆီကိုပေးချေရမည့် သစ္စာစောင့်သိကြေးသည် တစ်ပူပေါ်နှစ်ပူဆင့်သည့်အရာမျိုးဟု Daily Mail က ယူဆနေသည်။
ဘာစီလိုနာအသင်းသည် ကပ်ဘေးကာလ၌ ကစားသမားများကို လစာငွေလျှော့ချမှု ပြုလုပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
