လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းသည် နည်းပြ ဖီးလစ်ကိုကူးနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့သောကြောင့် အင်္ဂလန်လက်ရွေး အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက ယာယီတာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။
ဒတ်ချ်နည်းပြဖြစ်သူ ကိုကူးသည် ဒါဘီအသင်းအား ၂၀၁၉ ခုနှစ် ဇူလိုင်တွင် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ရာသီကုန်၌ အဆင့် ၁၀ နေရာသာ ရပ်တည်နိုင်ခဲ့သလို ယခုရာသီတွင်လည်း ပွဲစဉ် (၁၁) အပြီးတွင် တစ်ပွဲသာ အနိုင်ရကာ ဇယားအောက်ဆုံးနေရာရောက် ရှိနေသဖြင့် နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ကစားသမား/နည်းပြအဖြစ် ဆောင်ရွက်နေသည့် အသင်း ခေါင်းဆောင် ၀ိန်းရွန်နီက ယာယီတာဝန်ယူ ကိုင်တွယ်ရမည်ဖြစ်ကြောင်း သိရသည်။ ရွန်နီ (၃၅ နှစ်) သည် နည်းပြအဖွဲ့ဝင်များဖြစ်သည့် ရှေးဂစ်ဗင်း၊ ရိုဆီနီယာ၊ ဝေါ်လ်ကာတို့နှင့်အတူ တာဝန်ယူကိုင်တွယ်ရမည်ဖြစ်ပြီး လာမည့် စနေနေ့တွင် ပထမဆုံးပွဲအဖြစ် ဘရစ္စတိုးလ်စီးတီးအသင်းနှင့် အဝေးကွင်းကစားရမည် ဖြစ်သည်။
"ဖီးလစ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ ထွက်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ သူကူညီပေးခဲ့တာတွေအတွက် ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ပါတယ်။ အခုအချိန်မှာ အရေးကြီးဆုံးက အသင်းရဲ့အခြေအနေကို တည်ငြိမ်စေဖို့နဲ့ ဇယားအပေါ်ဘက်ကို စပြီး တက်လှမ်းနိုင်ဖို့ပါ။ စနေနေ့ပွဲအတွက် ပြင်ဆင်ရာမှာ ကူညီဖို့ နည်းပြအဖွဲ့ကိုလည်း ပြောထားပါတယ်။ တနင်္လာနေ့ကျရင် ကစားသမားတွေနဲ့ စကားပြောမှာပါ" ဟု ရွန်နီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
