မလေးရှားစူပါလိဂ်ကလပ် ဂျိုဟိုးဒါရူးလ် အသင်းသည် အစိုးရ၏ ခွင့်ပြုချက်မရသဖြင့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင် ခွင့်မရဘဲ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဂျိုဟိုးဒါရူးလ်အသင်းသည် ၂၀၂၀ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (G) တွင် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီ၊ တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရန်း၊ တောင်ကိုရီးယားကလပ် ဆူဝန်ဆမ်ဆောင်းဘလူးဝင်းအသင်းတို့နှင့် အတူ ကျရောက်နေသည်။ ဂျိုဟိုးဒါရူးလ် အသင်းသည် COVID-19 ကပ်ရောဂါ မဖြစ်ပွားမီ အုပ်စုပွဲစဉ်နှစ်ပွဲသာ ယှဉ်ပြိုင် ကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် (၃)မှတ်ဖြင့် အုပ်စုဒုတိယနေရာ ရပ်တည်လျက်ရှိသည်။
အရှေ့အာရှဇုန်အသင်းများပါဝင်သည့် အုပ်စု (E)၊ (F)၊ (G)၊ (H) ၏ လက်ကျန်ပွဲ များနှင့် ရှုံးထွက်ပွဲစဉ်များကို နိုဝင်ဘာ ၁၈ ရက်မှစ၍ ကာတာနိုင်ငံ၌ ကျင်းပမည်ဖြစ် သော်လည်း မလေးရှားအစိုးရက ဂျိုဟိုးဒါ ရူးလ်အသင်းအား နိုင်ငံအတွင်းမှ ထွက်ခွာ မပေးသဖြင့် နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကလည်း ဂျိုဟိုးဒါရူးလ်အသင်း နုတ်ထွက်ကြောင်း သောကြာနေ့တွင် အတည်ပြုကြေညာခဲ့ပြီး အုပ်စု (G) တွင် (၃)သင်းသာကျန်ရှိတော့ ကြောင်း ထုတ်ပြန်ထားသည်။
အရှေ့အာရှဇုန်မှ ဗိုလ်လုပွဲတက် ရောက်နိုင်သည့်အသင်းမှာ အနောက်အာရှ ဇုန်မှ ဗိုလ်လုပွဲတက်ရောက်ထားသည့် အီ ရန်ကလပ် ပါဆီပိုလစ်အသင်းနှင့် ဒီဇင်ဘာ (၁၉) ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
