ချယ်လ်ဆီးအသင်း၏ အီတလီနောက်ခံလူ အီမာဆန်က မိမိအနေဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ အီမာဆန်သည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းမှ ချယ်လ်ဆီးအသင်းသို့ ယူရို (၁၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲအထိ ကစားထားသော်လည်း ယခုရာသီ ပရီးမီးယားလိဂ်တွင် တစ်ပွဲမျှ ကစားခွင့်မရသေးပေ။
အီမာဆန်သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် စီးရီးအေကလပ်များဖြစ်သည့် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
"ဘာမှတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ စီးရီးအေမှာ ပြန်ကစားချင်ပါတယ်။ အပြောင်းအရွှေ့က ဘယ်တော့မှ ဖြစ်လာမယ်ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဘောလုံးမှာ အရာအားလုံးက မျက်စီတမှိတ်အတွင်း ပြောင်းလဲသွားနိုင်ပါတယ်"ဟု အီမာဆန်က ပြောကြားခဲ့သည်။
အီမာဆန်သည် နည်းပြ လမ်းပတ်လက်ထက်တွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၄)ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
