တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှု လူဦးရေ သိန်းနှင့်ချီ၍ ရေဘေးသင့်နေပြီး၊ စားသောက်ရေးအတွက်အခက်အခဲများ လိုအပ်နေသည်ဟု မြေပြင်တွင် ကိုယ်တိုင် ကူညီဆောင်ရွက်ပေးနေသူ ဆရာတော်တစ်ပါးက ပေါ်ပြူလာနယူးစ်ကို မိန့်သည်။
ယနေ့ စက်တင်ဘာ(၁၄)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်အထိ ရေဆက်လက်မြင့်တက်နေသည်ဟုသိရပြီး၊ ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်အထိ စိုးရိမ်ရေမှတ်အထက် (၈၀၅)စင်တီမီတာအထိရှိနေကြောင်း မိုး/ဇလက အသိပေးထားသည်။
“မြေပြင်အခြေအနေက ရေဘေးရှောင် သိန်းဂဏန်းကပ်သွားပြီ။ ရေဘေးက တောင်ငူတစ်ခရိုင်လုံး တစ်ပတ်ချာကြီး။ အေ-သအပျောက်တွေ မရှိသေးဘူး။မကြားသေးဘူး။ရေကတော့ တက်နေတုန်းဘဲ။စားရေးသောက်ရေးတွေလည်း လိုအပ်တာပေါ့”ဟု ရှင်းပြသည်။
စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် တောင်ငူ ခရိုင်အတွင်းရှိ ကျေးရွာများအားလုံးတွင် ယမန်နေ့ စက်တင်ဘာ (၁၃)ရက်နေ့မှစ၍ ရေကြီးရေလျှံဖြစ်ပွားနေခြင်းလည်းဖြစ်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
