ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများကာ ရေကြီးမြေပြိုမှုများနှင့် ကြုံခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် ရေပြန်လည်ကျပြီးနောက် ရုပ်အလေ-ာင်းများ တွေ့ရှိနေရသော်လည်း အရေအတွက်မည်မျှရှိသည်ကို အတည်ပြုရန်ခဲယဉ်းနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အင်တာနက်မရတဲ့ အခက်အခဲကလေ သတင်းတွေက ပြန့်နေတယ်၊ ၊ မြေပြင်မှာလည်း စာရင်း အတိအကျမရှိသေးဘူး ဖြစ်နေတယ်” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။
တောင်ပေါ်မြို့ဖြစ်သည့် ကလောမြို့တွင် ယခုကဲ့သို့ရေကြီးရေလျှံမှုကို ဆိုးရွားစွာ ကြုံတွေ့ရမည်ကို ကြိုတင်မတွေးမိခဲ့ကြသည့်အတွက် ပြင်ဆင်မှုများ မလုပ်နိုင်ဘဲ ရေကြီးမှုဒဏ်ကို အပြင်းအထန်ခံခဲ့ရခြင်း ဖြစ်သည်။
ကလောမြို့ ရေကြီးမှုဖြစ်စဉ်တွင် မြေပြိုသည့် အန္တရာယ်နှင့်ပါ ကြုံခဲ့ရသည့်အတွက် လူများပျောက်ဆုံးနေဆဲဖြစ်ပြီး ရုပ်အလေ-ာင်းများစွာ ပြန်တွေ့ထားကြောင်း သတင်းများပျံ့နှံ့နေခြင်း ဖြစ်သည်။
“အသိထဲက မိသားစုလိုက် ပါသွားတယ်၊ ပျောက်နေတယ်” ဟု ကလောမြို့ခံများနှင့် ဖုန်းအဆက်သွယ်ရရှိသည့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လူငယ်တစ်ဦးကလည်း ပေါ်ပြူလာနယူးသို့ ပြောသည်။
လက်ရှိတွင် ရေပြန်ကျနေပြီဖြစ်ကာ ဖုန်းလိုင်း၌ MPT ပြန်လည်ရရှိပြီဖြစ်ကြောင်းလည်း သိရပြီး ဆက်သွယ်ရန်လျှပ်စစ်ဓာတ်အား မလုံလောက်မှုတို့ကြောင့် အခက်အခဲများရှိဆဲဖြစ်နေသည်ဟု သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးလည်း ပြတ်တောက်နေကာ ဓာတ်အားပေး လျှပ်စစ်ဓာတ်တိုင်များလည်း ကျိုးကျပျက်စီးနေကြောင်း သိရသည်။
ယနေ့တွင် မြို့ခံများ အချင်းချင်း လမ်းများရှင်းခြင်း၊ ကူညီခြင်းများ ဆောင်ရွက်နေကာ အစားအသောက်၊ အနွေးထည်၊ ခြုံထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းလည်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတဝန်း ရေကြီးမှုများ ကြုံတွေ့ကာ အသက်ဆုံးရှုံးမှုများလည်း ဖြစ်နေပြီး ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိနေသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
