ရီးယဲလ်မက်ဒရစ်အသင်း ခေါင်းဆောင် နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် မက်ဒရစ်အခြေစိုက် Marca သတင်းစာကကောက်ယူသည့် စစ်တမ်းအရ ကမ္ဘာ့အကောင်းဆုံး ခံစစ်အတွင်းလူအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
အောက်တိုဘာလကုန်ပိုင်းတွင် ပြင်သစ်နိုင်ငံထုတ် France Football မဂ္ဂဇင်းက Ballon d'Or Dream Team ဆုအတွက် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ ဆန်ခါတင် ၁၀ ဦးစာရင်း ထုတ်ပြန်ထားပြီး Marca သတင်းစာက ယင်းစာရင်း အတိုင်း စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
ဆန်ခါတင်စာရင်းတွင် ဂန္ထဝင်နောက်ခံလူများဖြစ်သည့် ဘာရီဆီ (အီတလီ)၊ ဘော်ဘီမိုး (အင်္ဂလန်)၊ ဘက်ကင်ဘောင်ဝါ (ဂျာမနီ)၊ ပါဆာရဲလား (အာဂျင်တီးနား)၊ ကင်နာဗာရို (အီတလီ)၊ မားသီးယပ်စ်ဆမ်းမား (ဂျာမနီ)၊ ဒက်ဆယ်လီ (ပြင်သစ်)၊ ရှီရီယာ (အီတလီ)၊ ရော်နယ်လ်ကိုးမန်း (နယ်သာလန်) တို့နှင့်အတူ ရာမို့စ် (စပိန်) လည်း ပါဝင်ခဲ့သည်။ ယခုစာရင်းမှာ မက်ဒရစ်အခြေစိုက် သတင်းစာက ကောက်ယူသည့် စစ်တမ်းဖြစ်သောကြောင့် ရာမို့စ်အနေဖြင့် အခြားဂန္ထဝင်ကစားသမားများထက် မဲအပြတ်အသတ်အသာရကာ အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
Marca ၏ စစ်တမ်းတွင်ဝင်ရောက်မဲပေး သူ ၁၃၀၀၀၀ အထိရှိပြီး ရာမို့စ်က ၇၄ ရာခိုင်နှုန်းဖြင့် မဲအများဆုံးရရှိကာ ကမ္ဘာ့အကောင်းဆုံး ခံစစ်အတွင်းလူအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ ဒုတိယမဲအများဆုံး ကစားသမားမှာ ဘက်ကင်ဘောင်ဝါဖြစ်ပြီး ၁၈ ရာခိုင်နှုန်းရရှိကာ ဘာရီဆီက လေးရာခိုင်နှုန်း၊ ရော်နယ်လ်ကိုးမန်းက နှစ်ရာခိုင်နှုန်း၊ ပါဆာရဲလား နှင့် ကင်နာဗာရိုက တစ်ရာခိုင်နှုန်းစီ ရရှိပြီး ကျန်ကစားသမားများမှာမူ တစ်ရာခိုင်နှုန်းပင် မရှိကြောင်း သိရသည်။
ထို့ပြင် France Football မဂ္ဂဇင်းက ရာမို့စ်အနေဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံရသင့်သလားဟု မေးမြန်းမှုကိုလည်း ဖြေဆိုသူ ၂၉၉၈ ဦးအနက် ၆၂ ရာခိုင်နှုန်းက သတ်မှတ်သင့်ကြောင်း မဲပေးခဲ့ကြပြီး ၃၈ ရာခိုင်နှုန်းကသာ မသတ်မှတ်သင့်ဟု မဲပေးခဲ့ကြောင်း သိရသည်။ အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ရာမို့စ်သည် ပြီးခဲ့သည့် အင်္ဂါနေ့က အင်တာမီလန် အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ရီးယဲလ်ကစားသမားဘဝ ဂိုး ၁၀၀ ပြည့် မြောက်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် သွင်းဂိုးစုစုပေါင်းမှာလည်း ၁၂၇ ဂိုးအထိ ရှိလာပြီဖြစ်သည်။
ရာမို့စ်သည် ရီးယဲလ်အသင်းသမိုင်းတွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်သည့် ၁၉ ဦးမြောက်ဖြစ်လာသလို နောက်ခံလူများအနက် ဖာနန်ဒိုဟီယာရို (၁၂၄ ဂိုး) ပြီးလျှင် ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရာမို့စ်သည် ဆီဗီလာ (ခ) အသင်း အတွက် နှစ်ဂိုး၊ ဆီဗီလာအသင်းအတွက် သုံးဂိုးနှင့် စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၂၃ ဂိုး သွင်းယူထားရာ ကစားသမားဘဝ သွင်းဂိုးစုစုပေါင်း ၁၂၇ ဂိုးရှိလာပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံး နောက်ခံလူများစာရင်းတွင်လည်း အဆင့် ၆ နေရာ ရပ်တည်လျက်ရှိ ကြောင်း သိရသည်။ ဂိုးအများဆုံး နောက်ခံလူအဖြစ် လက်ရှိဘာစီလို နာအသင်းနည်းပြ ရော်နယ်လ်ကိုး မန်းက ၂၅၃ ဂိုးဖြင့် ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
