မူလက ဥက္ကဋ္ဌရွေးကောက်ပွဲကို မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဘာတိုမူနုတ်ထွက်သွားသဖြင့် သတ်မှတ်ရက်ထက်စော၍ ရက်ပေါင်း ၉၀ အတွင်း ကျင်းပဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ဗစ်တာဖောင့်မှာ ဥက္ကဋ္ဌဟောင်း လာပေါ်တာနှင့်အတူ အနိုင်ရရန် ရေပန်းစားနေသူဖြစ်သည်။
ဘာစီလိုနာအသင်း ဥက္ကဋ္ဌရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဗစ်တာဖောင့်နှင့် တိုနီဖရီရှာက အသင်း၏အခြေအနေမှာ စီးပွားရေးအရ ဒေဝါလီခံရနိုင်ခြေရှိနေပြီး အသင်း ခေါင်းဆောင် မက်ဆီမှာလည်း စာချုပ်သက်တမ်းတိုးဖြစ်ပါက လစာလျှော့ယူရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် ဘုတ်အဖွဲ့ဝင်အားလုံးမှာ အောက်တိုဘာ ၂၇ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသောကြောင့် လက်ရှိအချိန်တွင် ကားလို့စ်တူစ်ကက်စ် က ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မူလက ဥက္ကဋ္ဌရွေးကောက်ပွဲကို မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဘာတိုမူနုတ်ထွက်သွားသဖြင့် သတ်မှတ်ရက်ထက်စော၍ ရက်ပေါင်း ၉၀ အတွင်း ကျင်းပဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ဗစ်တာဖောင့်မှာ ဥက္ကဋ္ဌဟောင်း လာပေါ်တာနှင့်အတူ အနိုင်ရရန် ရေပန်းစားနေသူဖြစ်သည်။ ဗစ်တာဖောင့်က ဘာစီလိုနာအသင်း၏ အခြေအနေမှာ ဒေဝါလီခံရနိုင်ခြေ ရှိနေပြီး လစာပေးချေမှုမြင့်မားသည့် ကိစ္စမှာ အရေးတကြီးဖြေရှင်းရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
"ဘာစီလိုနာက စီးပွားရေးအရ ဒေဝါလီခံရနိုင်ခြေရှိနေပါတယ်။ နည်းပညာပိုင်းအရပြောရင် ဒါက ဒေဝါလီခံတာပါပဲ။ လက်ရှိအခြေအနေက အသင်းရဲ့ ပိုင်ဆိုင်မှုပုံစံအတွက် အန္တရာယ်ဖြစ်စေပါတယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ဘာတွေဖြစ်လာနိုင်လဲဆိုတာတွေကို ကြိုတင်ပြီးတော့ စစ်တမ်းတွေလုပ်ထားခဲ့တာပါ။ အခုတော့ ဒါတွေဖြစ်လာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ပြင်ဆင်နေတဲ့ စီမံကိန်းက အရမ်းကို အရေးကြီးပါတယ်။ အသင်းရဲ့ အခြေအနေမှန်ကို ကျွန်တော်တို့ အတိအကျမသိပါဘူး။ ကလပ်ရဲ့စီမံခန့်ခွဲမှုအခန်းကဏ္ဍကို အပြောင်းအလဲလုပ်ရမှာပါ။ ရွေးကောက်ပွဲကို ဘယ်နေ့လုပ်မလဲဆိုတာ မသတ်မှတ်သေးတဲ့အတွက်လည်း ကျွန်တော်အံ့သြပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဆုံးဖြတ်ချက်တွေက စီးပွားရေးအဆင့်အတန်းကို သတ်မှတ်ပေးတာပါ။ လုပ်ခလစာအခြေအနေက အရမ်းအရေးကြီးပါတယ်။ အဲဒါက ဘုတ်အဖွဲ့ဖြေရှင်းရမယ့် ကိစ္စတစ်ခုပါ။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း သူတို့လုပ်ရမယ့်ကိစ္စပါပဲ။ မဲပေးမှုကိုလည်း အီလက်ထရွန်းနစ်မဲပေးမှုအဖြစ် အဆင့်မြှင့်တင်ဖို့ တူစ်ကက်စ်ကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ကျွန်တော်တို့ ခေတ်သစ်တစ်ခု စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဗစ်တာဖောင့်က AS သတင်းစာသို့ ပြောကြားသည်။
ထို့ပြင် ဥက္ကဋ္ဌလောင်းတစ်ဦး ဖြစ်သူ တိုနီဖရီရှာကလည်း အသင်း ခေါင်းဆောင် မက်ဆီနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးပါက နှစ်ဦးနှစ်ဖက် အကောင်းဆုံးဖြစ်စေရန် လိုအပ်သလို မက်ဆီအနေဖြင့် လက်ရှိလစာထက်လျှော့ယူရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
"လီယိုနဲ့ မျက်နှာချင်းဆိုင်ပြီး အေးအေးဆေး ဆေး စကားပြောတဲ့အခါ ဘာကာအတွက်၊ သူ့အတွက် အကောင်းဆုံး ဖြစ်ဖို့လိုပါတယ်။ စာချုပ်သက်တမ်းတိုးရမယ့် ကစားသမားတွေလိုပဲ သူ့ကိုလည်း ကမ်းလှမ်းမှုလုပ်မှာပါ။ ဒါပေမဲ့ လတ်တလောအခြေအနေအရ သူအခုရနေတဲ့အတိုင်း ထပ်တူပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့ ကတိကဝတ်တွေနဲ့ မက်ဆီကို သိမ်းသွင်းဖို့ မလိုပါဘူး။ မျက်လုံးချင်း ကြည့်ပြီး သူဘာလိုချင်တယ်၊ ဘာကာက ဘာလိုချင်တယ်ဆိုတာ ပြောရုံပါပဲ" ဟု တိုနီဖရီရှာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
