လီဗာပူးလ်အသင်းက ခုနစ်ပွဲကစား ၁၆ မှတ်ဖြင့် ထိပ်ဆုံးနေရာတွင် ပူးတွဲရပ်တည်နေပြီး မန်စီးတီးအသင်းမှာမူ ခြောက်ပွဲကစား ၁၁ မှတ်ဖြင့် အဆင့် ၁၂ နေရာရောက်ရှိနေသည်။ သို့ဖြစ်ရာ မန်စီးတီး အသင်းအတွက် ရမှတ်ကွာဟမှုလျှော့ချရန် အရေးကြီးနေသော်လည်း ဂွါဒီယိုလာက ယခုလို သုံးသပ်ပြောကြားခြင်းဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနှင့်ကစားရမည့်ပွဲမှာ အရေးပါသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ မဲအားလုံးရေတွက်ရသကဲ့သို့ ပွဲစဉ်အားလုံးအရေးပါကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မန်စီးတီးအသင်းနှင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် ယနေ့ (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်တွင် မန်ချက်စတာမြို့ရှိ အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပွဲမတိုင်မီ ချန်ပီယံ လီဗာပူးလ်အသင်းက ခုနစ်ပွဲကစား ၁၆ မှတ်ဖြင့် ထိပ်ဆုံးနေရာတွင် ပူးတွဲရပ်တည်နေပြီး မန်စီးတီးအသင်းမှာမူ ခြောက်ပွဲကစား ၁၁ မှတ်ဖြင့် အဆင့် ၁၂ နေရာရောက်ရှိနေသည်။ သို့ဖြစ်ရာ မန်စီးတီး အသင်းအတွက် ရမှတ်ကွာဟမှုလျှော့ချရန် အရေးကြီးနေသော်လည်း ဂွါဒီယိုလာက ယခုလို သုံးသပ်ပြောကြားခြင်းဖြစ်သည်။
"ဒါက အရေးကြီးတဲ့ပွဲပါ။ ဒါပေမဲ့ အမေရိကန်က သမ္မတရွေးကောက်ပွဲလိုပဲ မဲအားလုံးကို ရေတွက်ဖို့ လိုပါတယ်။ ဒါကြောင့် ရမှတ်တွေ အများကြီးအတွက် ကစားရဦးမှာပါ။ အရေးကြီးဆုံးအချက်ကတော့ ဗာဂျီလ် (ဗန်ဒိုက်) ရဲ့ ခွဲစိတ်ကုသမှုအဆင်ပြေပြီး တတ်နိုင်သမျှ အမြန်ဆုံးပြန်ကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော် သူ့ကိုသတိရပါတယ်။ ကွင်းထဲမှာ အကောင်းဆုံးကစားသမားတွေနဲ့ ကစားရတာကို ကျွန်တော်သဘောကျပါတယ်။ လီဗာပူးလ်က မယုံနိုင်လောက်စရာအသင်း တစ်သင်း၊ ထိပ်တန်းအသင်းအဖြစ် ရှိနေဆဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့တည်ဆောက်ပုံကြောင့်ပါ။ အတ္တလန္တာနဲ့ပွဲရလဒ် ကိုကြည့်လိုက်ပါ။ သူတို့ (အတ္တလန္တာ) ကို အဝေးကွင်းမှာ အနိုင်ရဖို့ ဘယ်လောက်ခက်လဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကို သူတို့လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း လီဗာပူးလ်က ထိပ်တန်းအသင်း၊ ကမ္ဘာ့အဆင့် အသင်းအဖြစ် ဆက်ရှိနေတာပါ။ ချန်ပီယံဆုအတွက် သူတို့က ရေပန်းအစားဆုံးပါပဲ။ ဒါပေမဲ့ ကပ်ရောဂါကြုံတွေ့နေတဲ့ ဒီရာသီက အရင်ရာသီတွေနဲ့မတူဘဲ တခြားအသင်းတွေကလည်း တကယ်အင်အားတောင့်လာတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ဂွါဒီယိုလာက ဆိုသည်။
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း "ဒီပွဲက အရမ်းခက်ခဲပါတယ်။ မန်ချက်စတာစီးတီးနဲ့ကစားရတာက ကမ္ဘာပေါ်မှာ အခက်ခဲဆုံးပွဲလို့ ကျွန်တော် ပြောချင်ပါတယ်။ နှစ်သင်းစလုံးအတွက် အရမ်းခက်ခဲမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်သင်းစလုံးက ထိပ်တန်းအဆင့်ပုံစံမျိုး ကစားကြမှာဖြစ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ ကြံ့ခိုင်မှုအပြည့်ဝဆုံး၊ အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ကစားသွားမှာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
