မိုးထိမိုးမိရွှေလုပ်ကွက်အနီးရှိ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာနှင့် ပန်းတောင်ကျေးရွာတွင် လူ ၂၅၀ ခန့် ပျောက်ဆုံးနေပြီး အလောင်းများ ထပ်မံတွေ့ရှိရကာ အကူအညီများ လိုအပ်နေကြောင်း ရမည်းသင်းဒေသခံတစ်ဦးက စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
" ဒီနေ့ သိရတဲ့သတင်းအရ သပြေပင်က လူ ၂၀၀ လောက်ပျောက်နေတယ်။ နောက်တခါ ပန်းတောင်မှာလည်း လူ ၅၀ လောက်ပျောက်နေတယ်" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းအထိ ရရှိသည့်စာရင်းများအရ အလောင်း ၃၅ လောင်း တောင်ပေါ်မှ ရေများနှင့်အတူ ပါလာသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
" တောင်ပေါ်က ကျတဲ့ကန်ထဲကိုပေါ့ လူသေဝင်လာတာက တမြန်နေ့က ၂၈ ယောက်။ ဒီနေ့ ရှစ်ယောက်။ ပေါင်း ၃၆ ယောက်ပေါ့။ သပြေပင်မှာ လူထောင်နဲ့ချီ ရှိလောက်တယ်။ ရွှေတောလုပ်ကွက် တပိုင်တနိုင်လုပ်ကွက်လည်းရှိတော့ နေတဲ့သူများတယ်။ တော်တော်လည်း စည်စည်ကားကားကို ဖြစ်နေတာ။ ရွာကလည်း ရွှေလုပ်ကွက်နဲ့ဆိုတော့ နေနိုင် စားနိုင်တဲ့သူများတယ်။ အဆင်ပြေကြတယ်။ ကြေးနီကန်မကြီးမှာ ပေါ်လာတဲ့အလောင်းတွေလည်းတွေ့တယ်။ ကလေးအလောင်းလေးတွေလည်း တွေ့ရတယ်" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းအထိ ရရှိထားသည့် သတင်းများအရ သေဆုံးသူနှင့် ပျောက်ဆုံးသူ ၇၅ ဦးရှိနေပြီး လက်ရှိတွင် သေဆုံးသူထပ်တိုးလာခြင်းဖြစ်ကာ တောင်ပေါ်သို့တက်ရသည့်လမ်းများ ပျက်စီးနေသဖြင့် သေဆုံးနှင့် ပျောက်ဆုံးအတိအကျရရှိရန် ခက်ခဲနေကာ အကူအညီများလည်း လိုအပ်နေသည်ဟု ရမည်းသင်းဒေသခံအချို့က ပြောကြားသည်။
" ရမည်းသင်းမှာ အခုထိ ကယ်ဆယ်ရေးမလုပ်နိုင်သေးပါဘူး။ မနက်က ၆ နာရီခွဲလောက်မှာ မြင်းနားက ညီမလေး ဖုန်းဆက်လာပါတယ်။ အခုထိ ရွာဘေးက လယ်ကွင်းတွေမှာ လာပြီးတင်နေတဲ့ DBတွေကို မရှင်းလင်းနိုင်သေးပါဘူးတဲ့။ သုံးညအိပ်လေးရက် ဖြစ်လာတဲ့အတွက် ပုပ်ပွနေပါပြီတဲ့။ ရွာသူရွာသားတွေ မှာလည်း ကိုယ့်ဒုက္ခနဲ့ကို ဖြစ်နေတော့ ဧည့်အဖြစ်ရောက်လာတဲ့ DB တွေကို ရှင်းဖို့ရာ မလုပ်နိုင်ကြသေးပါဘူး။ မနေ့ညကကို တောင်ပေါ်က ရေပြန်ကျလာလို့ ပြေးကြရသေးပါတယ်။( ရမည်းသင်းမှာလဲ အခြေအနေအရမ်းဆိုးတဲ့ နေရာတွေရှိပေမဲ့ လောလောဆယ် ကိုယ်နဲ့အဆက်သွယ်ရတဲ့ သွားလာလို့ အဆင်ပြေတဲ့မြင်းနားရွာကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်) အခု အရေးတကြီး လိုနေတာက ညညဆို ချမ်းလွန်းလို့ စောင်အပါးလေးတွေ လိုနေပါတယ်တဲ့။ အဝတ်ကတော့ အရှက်လုံရုံဆိုရင် ရပါပြီတဲ့" ဟု ရမည်းသင်းဒေသအချို့နှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
