အာဆင်နယ်အသင်းညာနောက်ခံလူ ဘယ်လာရင်သည် ၂၀၁၆ ခုနှစ် နောက်ပိုင်း စပိန်လက်ရွေးစင်အသင်း တွင် ပထမဆုံးအကြိမ် ပြန်လည်ရွေး ချယ်ခံခဲ့ရကြောင်း သိရသည်။
စပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ်သည် ဒဏ်ရာပြဿနာရှိနေသည့် ဆီဗီလာအသင်း၏ ၀ါရင့်ညာနောက်ခံလူ နာဗတ်စ်၏နေရာအတွက် ဘယ်လာရင် (၂၅ နှစ်)အား အစားထိုးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဘယ်လာရင်သည် ၂၀၁၆ ခုနှစ် မေလအတွင်းက စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ယခု (၄)နှစ် ခွဲကျော်ကာလတွင် လက်ရွေးစင်အသင်း၌ ပြန်လည်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ဘယ်လာရင်သည် စပိန်လက်ရွေးစင်အသင်းအတွက် (၃)ပွဲ ပါဝင်ကစားပေးထားသည်။
အင်းနရစ်သည် ဒဏ်ရာရရှိသွားခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး အန်ဆူဖာတီ၏နေရာတွင် ရီးယဲလ်တောင်ပံကစားသမား အဆန်စီယို (၂၄ နှစ်)အား အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။
စပိန်လက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၁၁)ရက်နေ့တွင် နယ်သာလန်အသင်းနှင့်ခြေစမ်းပွဲ၊ နိုဝင်ဘာ (၁၄)နှင့် (၁၇)ရက်နေ့များတွင် ဆွစ်ဇာလန်၊ ဂျာမနီတို့နှင့် UEFA Nations League ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အင်းနရစ်သည် ယင်းပွဲစဉ်များအတွက် စပိန်လက်ရွေးစင်အသင်းလူစာရင်းကို ပြီးခဲ့သည့် အောက်တိုဘာ (၆)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယခုအခါ ဒဏ်ရာပြဿနာများကြောင့် ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
အန်ဆူဖာတီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး စပိန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲကစားသူ၊ အသက်အငယ်ဆုံးဂိုးသွင်း သူစသည့် စံချိန်မှတ်တမ်းများကိုတင်ရှိထားသူဖြစ်သည်။
အဆန်စီယိုသည် ၂၀၁၆ ခုနှစ်တွင် စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ လက်ရွေးစင်အသင်းအတွက် (၂၄)ပွဲကစားကာ၊ (၁)ဂိုးသွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
