ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားသည် ပြီးခဲ့သည့်လာဇီယိုအသင်းနှင့်ပွဲစဉ်၌ အသင်းဖော်စီရော်နယ်လ်ဒိုကို မကောင်းဆိုးဝါးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြောင်း သိရသည်။
ပထမပိုင်းပွဲချိန် (၃၂)မိနစ်၌ စီရော်နယ်လ်ဒိုသည် လာဇီယိုအသင်းမှ လူးဝစ်ဖိလစ်ပီနှင့် ခေါင်းယှဉ်တိုက်ချိန်တွင် ဒဏ်ရာရရှိခဲ့ပုံပေါ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအချိန်တွင် ဂျူဗင်တပ်စ်နည်းပြ ပီယာလိုသည် ဒီဘားလားကို သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး စီရော်နယ်လ်ဒို မသက်သာပါက လူစားဝင်ကစားစေရန် ရည်ရွယ်ခဲ့သည်။
သို့သော် စီရော်နယ်လ်ဒိုသည် မိနစ်ပိုင်းအကြာတွင် ပြန်လည်ကောင်းမွန်လာသဖြင့် ဒီဘားလားသည် အရန်ခုံတန်းဘက်သို့ ပြန်လာပြီး အရန်ခုံတန်းပေါ်မှ အသင်းဖော်များကို အီတလီဘာသာစကားဖြင့် ''ဘီလူးကြီး ပြန်ကောင်းသွားပြီ'' ဟု ပြောခဲ့ကြောင်း သိရသည်။
ဒီဘားလားသုံးနှုန်းခဲ့သည့် Bicho ဆိုသည့်စကားလုံးသည် အပြုသဘောဆောင်သော်လည်း အီတလီမီဒီယာများက စီရော်နယ်လ်ဒိုနှင့် အဆင်မပြေမှုများရှိနေနိုင်ကြောင်း ဖော်ပြခဲ့ သည်။
စီရော်နယ်လ်ဒိုသည် လာဇီယိုအသင်း နှင့် (၁-၁)ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်သလို၊ နောက်ထပ်အခွင့်အရေးများ ရရှိသော်လည်း ဂိုးကံခေဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
