ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန်(၁-၃)မန်ယူပွဲကို စနေ့နေ့ ဒေသစံတော်ချိန်မွန်းလွဲ (၁၂း၃၀)နာရီတွင် ကစားရခြင်းအတွက် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ညည်းတွားခဲ့ပြီး ယင်းပွဲတွင် မန်ယူကစားသမား (၃)ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့ညတွင် တူရကီနိုင်ငံ၌ ကစားခဲ့ရခြင်းကြောင့် ပရီးမီးယားလိဂ်ပွဲကို ယခုအချိန်ထက် နောက်သို့ရွှေ့ဆိုင်းကစားသင့်သည်ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
''ဒီနေ့ပွဲမှာ လင်ဒီလော့ဖ်က ကျောဒဏ်ရာ၊ ရပ်ရှ်ဖို့ဒ်က ပခုံးဒဏ်ရာနဲ့ လုခ်ရှောက တံကောက်ကြောဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒါက ကျွန်တော် မှတ်မိတဲ့(၃)ယောက်ပါ။ ကျန်တဲ့ကစားသမားတွေတော့ အဆင်ပြေကြ မယ်လို့မျှော်လင့်ပါတယ်။ ဒီဟေးယားက ပွဲမတိုင်မီမှာ ပေါင်ခြံ ဒဏ်ရာ ပြဿနာရှိခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်းအနေနဲ့ လက်ရှိပွဲကစားချိန်ထက် (၂၄)နာရီဖြစ်စေ၊ (၂၆)နာရီဖြစ်စေ၊ (၂၈)နာရီဖြစ်စေ နောက်ဆုတ်ကစားရရင်တော့ ဒီထက် ပိုကောင်းအောင်ကစားနိုင်မှာပါ''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
ဆိုးလ်ရှားက ကစားသမားများ ဒဏ်ရာရရှိမှုမှာ ပွဲစဉ်ရေးဆွဲမှုနှင့် များစွာသက်ဆိုင်ကြောင်း၊ ယခုရာသီ ပရီးမီးယားလိဂ်တွင် ကစားသမားအများအပြား ဒဏ်ရာရရှိနေပြီး ကစားသမားများမှာ စက်ရုပ်များမဟုတ်ဟု သိထား ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
