ဘာစီလိုနာအသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ အီတူးသည် ၎င်း၏နိုင်ငံ ကင်မရွန်းတွင် ပြင်းထန်သည့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၃၉) နှစ်အရွယ်ရှိ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူးဟောင်း အီတူးသည် ကင်းမရွန်းနိုင်ငံ နာကွန်ဂါဆမ်ဘာမြိို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့်ယာဉ်တိုက်မှု၌ ပါဝင်ခဲ့ကြောင်းနှင့် ဒဏ်ရာတစ်စုံ တစ်ရာမရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
အီတူး၏ ပြောပြချက်အရ ၎င်းအနေဖြင့် မင်္ဂလာပွဲတစ်ခုမှပြန်အလာ တနင်္ဂနွေနေ့ (နိုဝင် ဘာ ၈ ရက်)နံနက်ခင်းတွင် အများသုံး ဘတ်စ်ကားနှင့် ၎င်း၏ကား တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မျက်မြင်တွေ့ရှိသူတချို့၏ ပြောပြချက်အရ အီတူးအနေဖြင့် ထိခိုက်မှုတစ်စုံတစ် ရာမရှိဘဲ သက်ဆိုင်ရာဆရာဝန်များက ဂရုစိုက်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ယခုယာဉ်မတော်တဆမှုတွင် အီတူးအနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ၎င်း၏ကားမှာမူ ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ကြောင်း သိရသည်။
အီတူးသည် ကစားသမားဘဝတွင် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို၊ အင်တာမီလန်၊ ချယ်လ်ဆီးအစရှိသည့် ဥရောပထိပ်တန်းကလပ်အသင်းများတွင်လည်း ကစားခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
