အာဆင်နယ် ၀-၃ အက်စတွန်ဗီလာ
အာဆင်နယ်အတွက်တော့ သင်ခန်းစာတွေ အများကြီးရတဲ့ပွဲလို့ပဲ ပြောရမယ်။ သူတို့ကိုယ်တိုင်က ခံစစ်ကနေ တိုက်စစ်ကို အလျင်အမြန် Transition လုပ်ပြီး ကစားလေ့ရှိတဲ့အသင်းဆိုပေမဲ့ ဒီပွဲမှာ ဗီလာက သူတို့ကို ဒီလိုပုံစံမျိုးပဲ ပြန်ကစားသွားခဲ့ပြီး အနိုင်ယူသွားခဲ့ခြင်းဖြစ်တယ်။ လီဗာပူးလ်နဲ့ပွဲတုန်းက အံ့သြသင့်စရာတွေလုပ်ပြခဲ့ဖူးတဲ့ ဗီလာဟာ ဒီရာသီမှာ အ့ံသြစရာတွေနဲ့ ပြည့်နှက်နေတဲ့အသင်းပါ။
လီဗာပူးလ်ကိုတင်မဟုတ်ဘဲ၊ လက်စတာကို အဝေးကွင်းမှာ ထပ်နိုင်တယ်။ ပြီးတော့ တန်းတက် လိဒ်စ်ကို ရှုံးတယ်၊ ဆောက်သမ်တန်ကို ထပ်ရှုံးတယ်။ ဒီတစ်ခါတော့ အာဆင်နယ်ကို အဝေးကွင်းမှာ ဂိုးပြတ်သွင်းတဲ့ အလှည့်ဖြစ်နေပြန်တယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ် ကြီး (၆)ကြီးထဲက (၄)သင်းနဲ့ ကစားထားပြီး မန်ယူ၊ လီဗာပူးလ်၊ လက်စတာ၊ အာဆင်နယ်တို့ အားလုံးကို အနိုင်ကစားခဲ့တာလည်း အံ့သြစရာကောင်းတယ်။
အကောင်းဆုံးပုံစံပြခဲ့သူကတော့ ထုံးစံအတိုင်း ကွင်းလယ်လူ ဂရီးလစ်ရှ်နဲ့ တိုက်စစ်မှူး ဝက်ကင်စ်တို့ ဖြစ်ပြီး ဘာကလေ၊ ထရာဇီဂေး၊ မက်ဂင်းတို့လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာအတွက် အဖွင့်ဂိုးကို (၂၅)မိနစ် မှာ ဆာကာက OG သွင်းယူခဲ့လို့ ရရှိခဲ့ပြီး နောက်ထပ်ဂိုးတွေကိုတော့ အော်လီဝတ်ကင်စ်တစ်ဦးတည်းက (၇၂၊ ၇၅) မိနစ်တွေမှာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
