ဝက်စ်ဘရွန်းနှင့်ပွဲတွင် စပါးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သည့် ဟာရီကိန်းသည် ပရီးမီးယားလိဂ်သွင်းဂိုး (၁၅၀) ပြည့်မြောက်သည့် (၁၀)ဦးမြောက် ကစားသမားဖြစ်လာခဲ့ပြီး လီဗာပူးလ်၊ နယူးကာဆယ်၊ မန်ယူနှင့် စတုတ်စီးတီးတို့တွင် ကစားခဲ့သည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်၏စံချိန်ကိုလည်း လိုက်မီခဲ့သည်။
ဂျာမနီလက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ယော်ကင်လိုးက လက်ရှိအချိန်တွင် ဝါရင့်လက်ရွေးစင်ဟောင်းများဖြစ်သည့် သောမတ်စ်မူလာ၊ မတ်စ်ဟမ်းမဲလ်နှင့် ဘိုတန်တို့သည် ခြေစွမ်းပြကစားနေကြသဖြင့် ပြန်လည်ရွေးချယ်ရန် စဉ်းစားနေသည်ဆိုသည့်သတင်းများအား "ကျွန်တော်တို့ နောက်ပြန်လှည့်မှာ မဟုတ်ပါဘူး" ဟု ဆိုကာ ငြင်းဆန်ပယ်ချခဲ့သည်။
မန်ယူအသင်း၏ အသင်းခေါင်းဆောင်ဟောင်းနှင့် ရုပ်သံသုံးသပ်သူ ရွိုင်ကင်းက မန်စီးတီးအသင်း၏တိုက်စစ်မှူး အဂွဲရိုးသည် ကာလရှည်ဒဏ်ရာက ပြန်လာပြီးကတည်းက ကိုယ်အလေးချိန်အလွန်များနေသည့်ပုံဖြစ်ပြီး၊ လေးလံနေကြောင်း၊ ယင်းအတွက်ကြောင့် ဒဏ်ရာများ ပိုမိုရလွယ်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် နာမည်ကျော်တိုက်စစ်မှူးဟောင်းတစ်ဦးနှင့် လက်ရှိဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ခရစ္စဆပ်တန်က ယခုနှစ်ဘောလုံးရာသီတွင် မည်သည့်အသင်း ချန်ပီယံဖြစ်မလဲဆိုသည်ကို ဆုံးဖြတ်မည့်အချက်တစ်ခုမှာ ဒဏ်ရာပြဿနာဖြစ်နိုင်ကြောင်းနှင့် အသင်းဆေးအဖွဲ့များသည် အလွန်အရေးပါလာလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
လက်စတာစီးတီးအသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ယခုရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်အောင်စွမ်းဆောင်နေကြသည့် အသင်း၏ကစားသမားများအား ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ပြီး အသင်း၏ အကောင်းဆုံးအချိန်ဖြစ်သော်လည်း ချန်ပီယံဆုအတွက်မူ အာမမခံနိုင်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
