ဘာစီလိုနာအသင်း လူငယ်ကြယ်ပွင့် ကစားသမား အန်ဆူဖာတီသည် စနေနေ့က ဘက်တစ်အသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ ပြီး သုံးလမှ ငါးလအထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
အသက် ၁၈ နှစ်သာရှိသေးသည့် စပိန်လက်ရွေးစင် တောင်ပံကစားသမား အန်ဆူဖာတီသည် ဝဲဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် မက်ဆီနှင့် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာကို စစ်ဆေးပြီးနောက် ဘာစီလိုနာအသင်းက "ယနေ့မွန်းလွဲပိုင်းတွင် စစ်ဆေးချက်အရ အန်ဆူဖာတီအနေဖြင့် ဝဲဘက်ဒူးရှိ Internal Meniscus (ဒူးဆစ်အတွင်း ညို့သကျည်းရိုးပေါ်ရှိ လခြမ်းပုံအရိုးနု) ထိခိုက်မိကြောင်း တွေ့ရှိရပါသည်။ ကုသမှုပြုလုပ်မည့်အစီအစဉ်ကို လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမည်ဖြစ်ပါသည်" ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။
ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် ဒဏ်ရာပြင်းထန်မှုအခြေအနေနှင့် အနားယူရနိုင်သည့်ကာလကို ဖော်ပြထားခြင်းမရှိသော်လည်း စပိန်နိုင်ငံရှိ Ripoll and De Prado Sport Clinic မှ ဆရာဝန်ဖြစ်သူ ဒေါက်တာရီပိုလ်ကမူ အန်ဆူဖာတီအနေဖြင့် သုံးလမှ ငါးလခန့် အနားယူရနိုင်ကြောင်း သုံးသပ်ပြောကြားသည်။ "အရိုးနုကိုချုပ်ရဖို့ ရှိပါတယ်။ အနားယူရနိုင်တဲ့ကာလက သုံးလကနေ ငါးလအကြား ဖြစ်နိုင်ပါတယ်" ဟု ၎င်းင်းက ပြောကြားခဲ့သည်။
အန်ဆူဖာတီသည် ယခုရာသီ လာလီဂါ ပြိုင်ပွဲတွင် လေးဂိုးသွင်းယူထားပြီး ဘာစီလိုနာအတွက် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း တစ်ဂိုးသွင်းယူထားရာ ၎င်း၏ဒဏ်ရာသတင်းမှာ ထိုးနှက်ချက်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ အန်ဆူဖာတီသည် ယင်းဒဏ်ရာကြောင့် စပိန်အသင်း လူစာရင်းမှလည်း နုတ်ထွက်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
