မြန်မာနိုင်ငံတစ်ဝှမ်း၌ဖြစ်ပေါ်လျက်ရှိသည့် ရေ ကြီးရေလျှံမှုများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရေဘေးကယ်ဆယ်ရေးနှင့်ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကူညီရန် ငွေကျပ်သိန်း ၁၀၀၀ စတင်မတည်သွားမည်ဖြစ်သည်။
ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်မည့်အစီအစဉ်အဖြစ် ယနေ့ စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ရေ ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးဆောင် ရွက်နေသည့် အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရေဘေးကယ်ဆယ်ရေးစ ခန်းများ၊ ယာယီခိုလှုံနေထိုင်သောစခန်းများ၌ ချက်ပြုတ်ကျွေးမွေးရန် ဆန်အိတ်များလှူဒါန်းသွားမည်ဖြစ်သည်။
ထို့ပြင် ရေဘေးသင့်ဒေသများထံ ပေါ်ဆန်း/ဧည့်မထဆန်အိတ်များလှူဒါန်းလိုသည့် အလှူရှင်များကိုလည်း ရည်ညွှန်း ဆန်ဈေးနှုန်းများအတိုင်း သက်သာသောဈေးဖြင့်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။
ထို့အတူ ကျေးလက်ဒေသများတွင် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်း၊ လယ်ယာမြေများတွင်သင့်လျော်သော သီးနှံများပြန်လည် စိုက်ပျိုးနိုင်ရန် လိုအပ်သော မျိုး၊ သွင်းအားစု၊ ငွေကြေးထောက်ပံ့မှုများကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် အထောက်အပံ့/အကူအညီလိုအပ်သည့် အဖွဲ့အစည်းများ၊ ပါဝင်လှူဒါန်းလိုသော အလှူရှင်များ၊ လှူဒါန်းရန် ဆန်လိုအပ်သည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
