နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော ရေကြီးရေလျှံခြင်းများအပြင် နောက်ဆက်တွဲဖြစ်ပွားလာသော သဘာဝဘေးအန္တရာယ်များကို အကြောင်းပြ၍ အတုအယောင်အလှူခံခြင်းများရှိလာသဖြင့် သတိထား လှူဒါန်းကြရန် လိုအပ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသော လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီနေသည့် ဓာတ်ပုံများကို အသုံးချကာ လူမှုကွန်ရက်စာဖေ့ဘွတ်စ်စာမျက်နှာအတုများဖွင့်လှစ်၍ အလှူခံနေသည်များရှိနေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မော်လမြိုင်အခြေ
စိုက်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်မန္တလေးတိုင်း အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အမည်နှင့် ဓာတ်ပုံများကို အသုံးပြုကာ လိ-မ်ညာအလှူခံသည်များရှိနေကြောင်း သိရသည်။
ယင်းအတွက် ဖမ်းဆီးရမိပါက တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်ဟု မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
၎င်းက ” လှူမယ်ဆိုရင် အနည်းဆုံး ဗိုက်ဗာ(Viber)ကနေခေါ်သင့်တယ်။ လူမှုကယ်ဆယ်အဖွဲ့တွေကိုလှူမယ်ဆို ဗိုက်ဗာလေးခေါ်ပြီး စနစ်တကျလှူဒါန်းပေးဖို့ပေါ့။ အကောင်းဆုံးကတော့ ဗီဒီယိုကောခေါ်ပြီး လှူဒါန်းသင့်တယ်။ နောက်တန်းတွေမှာကျန်ခဲ့တဲ့အသင်းအဖွဲ့ရုံးတွေကိုလည်း သွားပြီး လှူဒါန်းသင့်တယ်။ ပြီးတွေ အကောင့်တွေမှာ ပုံတွေယူသုံးပြီးတော့ဘာလှူမယ် ညာလှူမယ်ဆိုပြီး လုပ်တဲ့သူတွေလည်း ရှိတယ်ခင်ဗျ။ သတိထားကြဖို့ပါ” ဟု ၎င်းကရှင်းပြသည်။
လတ်တလော မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ၏ အမည်ကို အသုံးပြု၍ ငွေကြေးလိ-မ်လည်ထားသူ အမျိုးသားတစ်ဦးရှိနေပြီး၊ ၎င်းအား တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
