ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်များရှိ ကျေးရွာ (၁၀)ရွာမှ ရေဘေးသင့်ပြည်သူများအား မီးသတ်တပ်ဖွဲ့နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကယ်ဆယ်ရေးလုပ်ဆောင်ပြီး ကယ်ဆယ်ရေးစခန်းများတွင် စောင့်ရှောက် ထားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေဝင်ရောက်လျက်ရှိသော အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ တောင်ငူမြို့နယ်၊ ကံရိုးရွာ၊ မြစ်ကြီးပေါက်ကျေးရွာ၊ ဒိုးအင်းရွာ၊ အရှေ့ဆင်ရွာ၊ အနောက်ဆင်ရွာ၊ ရေတာရှည်မြို့နယ် ထိပ်ပေါက်ကျေးရွာ၊ နှောပင်ကျေးရွာနှင့် ထန်းတပင်မြို့၊ အောင်ချမ်းသာရွာများရှိ ရေဘေးသင့်ပြည်သူများအား ယနေ့ စက်တင်ဘာ (၁၄)ရက်တွင် ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်
ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများ ဝင်ရောက်လျက်ရှိသောကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း သိရသည်။
ရေတာရှည်မြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများအား ယမန်နေ့ စက်တင်ဘာ (၁၃)ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ယာဂီမုန်တိုင်းအကြွင်းကျန် လေပွေလှိုင်း ဖြတ်သန်းပြီး စံချိန်တင်မိုးများခဲ့ခြင်းကြောင့် လက်ရှိချိန်အထိ ပဲခူးရိုးမ အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းတို့တွင် ရေကြီး၊ ရေလွှမ်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
