ရေဘေးသင့်ပြည်သူများကို ကူညီလိုသည့်အတွက် မျက်စိနှစ်ကွင်းကွယ်သည်အထိ ပေးဆပ်ရယူခဲ့ရသည့် ကမ္ဘာ့ချန်ပီယံခါးပတ်နှင့် ညီဖြစ်သူ သန့်ဇင်၏ ONE နိုင်ပွဲရ လက်အိတ်ကို လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ရိုးရာ လက်ဝှေ့ကျော်ဟောင်း ထွန်းလွင်မိုးက စက်တင်ဘာ (၁၄)ရက်ညပိုင်းတွင် သူ၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်အသိပေးထားသည်။
၎င်းနှင့် ညီဖြစ်သူ သန့်ဇင်တို့သည် ဆင်းရဲသော်လည်း ဆုတံဆိပ်များကို ငွေကြေးထက်တန်ဖိုးထားသူများဖြစ်ကြောင်း၊ သို့သော် ၎င်း၏ စီနီယာ ထွန်းထွန်းမင်း၏ မွန်မြတ်သောဆုံးဖြတ်ချက်နှင့် လှူဒါန်းမှုကို လေးစားအားကျ၍ အမွန်မြတ်ဆုံး အလုပ်သင့်ဆုံးအလုပ်တစ်ခုကို မိသားစုနှင့်တိုင်ပင်ကာ ညီအစ်ကိုနှစ်ယောက်လည်း ပါဝင်လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်မျက်စိနှစ်ကွင်းကွယ်သွားသည်အထိပေးဆပ်ခဲ့ရတဲ့အမြတ်နိုးဆုံး ၂၀၁၆- ၂၀၁၇.ရဲ့ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုနှင့် သန့်ဇင်ရဲ့အမြတ်နိုးဆုံးပထမဦးဆုံးအနိုင်ရခဲ့တဲ့ ONEလက်အိတ်တစ်စုံရယ်ကို ရှေ့ကအတိုင်းလေလံတင်ရောင်းချပြီး ရေဘေးသင့်ပြည်သူတွေကိုလှူဒါန်းလိုက်ချင်ပါတယ်။” ဟု ရေးသားထားသည်။
အလားတူ သန့်ဇင်၏ ယခုလ စက်တင်ဘာ (၂၇)ရက်တွင် ထိုးသ-တ်မည့် ONE Friday Fights 81 ပွဲစဉ်မှ ရရှိလာမည့် ထိုးကြေးကိုလည်း တတ်အားသရွေ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ရိုးရာလက်ဝှေ့ဖိုက်တာ သန့်ဇင်သည် ယခုလ စက်တင်ဘာ (၂၇)ရက်တွင် ONE က ပြုလုပ်သည့် ONE Friday Fights 81ပွဲစဉ်၌ ကမ္ဘာ့ကစ်ဘောက်ဆင်ချန်ပီယံ ဂျပန်နိုင်ငံသား တာခဲရုနှင့် တွဲဆိုင်း(၄)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
