ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကညင်ကုန်းအုပ်စု၊ နတ်ဆည်ကျေးရွာတွင် တိုးမြစ်ရေ မြင့်တက်လာပြီး လူနေအိမ်ခြေ (၁၀၀) ကျော် ရေနစ်မြုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါဒေသ၌ စက်တင်ဘာ (၁၁) ရက်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုးမြစ်ရေ မြင့်တက်လာကာ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
” မိုးကဆက်တိုက်ရွာတာရယ်၊ မြစ်ရေမြင့်တက်လာတာတွေကြောင့် ရေနစ်မြုပ်တာ။ အကူအညီတွေက လိုအပ်တယ်။ ဒါပေမဲ့ တော်တော်များများက နေပြည်တော်နဲ့ တောင်ငူဘက်သွားကြတော့ ဒီဘက်သိပ်မလာကြဘူး။ ရေကြီးတာ တစ်ခေါက်ထက်တစ်ခေါက် ပိုပိုဆိုးလာတယ်”ဟု ကညင်ကုန်းအုပ်စု၊ နတ်ဆည်ကျေးရွာမှ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်တွင်လည်း မအူပင်မြို့နယ်၌ တိုးမြစ်ရေ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာကာ အိမ်ခြေထောင်ချီ ရေနစ်မြုပ်ခဲ့ပြီး အထက်တ န်းကျောင်းများ အပါအဝင် အခြေခံပညာကျောင်း (၂၂) ကျောင်းအထိ ပိတ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် မိုးကြီးပြီး ရေကြီးရေလျှံ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ နေပြည်တော်နှင့် တိုင်းနှင့် ပြည်နယ် (၁၀) ခုတွင် စက်တင်ဘာ (၁၅) ရက်အထိ မိုးဆက်ကြီးနိုင်ကြောင်း မိုးဇလဌာနက အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
