သံလွင်မြစ်ရေ ဆက်လက်မြင့်တက်နေခြင်းကြောင့် ကရင်ပြည်နယ် ရွှေဂွန်းမြို့ ရှိ ကော့လုံကျွန်း တစ်ကျွန်းလုံး ရေနစ်မြုပ်သွားပြီဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
အဆိုပါ ကော့လုံကျွန်းပေါ်ရှိ လူနေအိမ်များအားလုံးနစ်မြုပ်သွားပြီဖြစ်ကြောင်း နှင့် ကယ်ဆယ်ရေးအတွက် ဒေသအာဏာပိုင်နှင့် လူမှုကူညီရေးအဖွဲ့များ ကူညီကယ်ဆယ်လျက်ရှိကြောင်း ဆိုသည်။
“ကော့လုံကျွန်းပေါ်မှာ ရွာရှိတယ်။ အိမ်တွေမြုပ်တာအများကြီးပဲ။ အခု ရေကဆက်ပြီးမြင့်တက်နေလို့ ဘားအံဘက်က ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေ ကူညီနေသလိုပဲ အဲ့ဘက်ပိုင်းမှာလည်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေ ကူညီနေကြတယ်။ ကော့လုံကျွန်းဘက်က အရင်ထဲက ရေနစ်မြုပ်တဲ့ နေရာတွေ ဒီအတိုင်းဆို ကျွန်တော်တို့ ဘားအံထက်ဆိုးမယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ဘားအံမြို့နယ်အတွင်းရှိ မိဇံကျေးရွာအပါအဝင် ယင်းတစ်လျှောက် ရွာငယ်ပေါင်းများစွာမှာလည်း ရေနစ်မြုပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
“လိုအပ်တာကတော့အများကြီးပေါ့။ ထောက်ပံ့ရေးအတွက်သွားဖို့တောင် တော်တော် ခက်ခက်ခဲခဲသွားနေရတယ်။ အခု အနေအထားက စံချိန်တင်ဖြစ်နေတော့ ဒါကိုကျွန်တော်တို့ မဖြတ်ကျော်ဖူးဘူး။ ဒီနေ့သွားရတဲ့ ကယ်ဆယ်ရေးတောင်မှ တစ်ခေါက် လူတစ်ယောက်ပါဖို့တော်တော်ရုန်းကန်ရတယ်။”ဟု၎င်းက ပြောသည်။
ဘားအံမြို့အတွင်း အခြားဒေသများမှလာရောက်ကူညီနေသော ကယ်ဆယ်ရေးအဖွဲ့များရှိသော်လည်း ဒေသခံကယ် ဆယ်ရေးအဖွဲ့များပင် အခက်အခဲရှိနေသည့်အတွက် ၎င်းတို့ကို တွဲခေါ်၍ ဝိုင်းဝန်း ကယ်ဆယ်ကူညီပေးနေရကြောင်း သိရသည်။
စက်တင်ဘာ (၁၄)ရက် ည(၈)နာရီဝန်းကျင်အထိ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၉၈၆)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ ရေဆက်လက်မြင့်တက်လျက် ရှိနေသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
