ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း CCDAC Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လမ်းမတော်မြို့နယ်၊ (၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ ------- အိမ်ရာရှေ့ကားလမ်းသို့ ရောက်ရှိလာသည့် ရဲထွန်းဝင်း(ခ)သားသားဆိုသူ မောင်းနှင်ပြီး တင်အောင်အေး (ခ) မယ်တင် ဆိုသူ လိုက်ပါလာသော Toyota Corolla Spacio အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေရာရဲဝင်းထွန်း (ခ)သားသားထံမှ မက်သ်အဖက်တမင်း အလေးချိန် ၃၃ ဂရမ် (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၁ ဒသမ ၅၅ သိန်း)၊ မူးယစ်ဆေးပြား ၁၂၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၈ သိန်း)၊ မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၄၀ ဂရမ် (ဒေသကာလပေါက်စျေး တန်ဖိုုးငွေကျပ် ၁၆ သိန်း) နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်ရှိ ရဲထွန်းဝင်း(ခ)သားသား၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ မူးယစ်ဆေးပြား ၁၁၃၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၆ ဒသမ ၉၅ သိန်း) နှင့် မက်သ်အဖက်တမင်း အလေးချိန် ၁၄၀ ဂရမ် (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄၉ သိန်း) တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ရဲထွန်းဝင်း(ခ)သားသား(၄၆)နှစ်နှင့် တင်အောင်အေး(ခ) မယ်တင်(၃၆)နှစ်တို့အား လမ်းမတော်မြို့မရဲစခန်းနှင့် တာမွေမြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
