မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီးမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကို လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင်ဘေလီ အစားထိုးပြုပြင်လျက်ရှိပြီး ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတား(ဆင်သေချောင်းကူး) ချဉ်းကပ်လမ်းပျက်စီး ယာယီဘေလီတံတား အစားထိုးခြင်း ပြီးစီးပြီဖြစ်၍ ယမန်နေ့ စက်တင်ဘာ (၁၄)ရက် နေ့လယ်ပိုင်းတွင် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် လယ်ဝေး၊ ပျဉ်းမနား၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ တိုင်းနှင့် ပြည်နယ်တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်း/အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေများပြန်လည်ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ယာယီရေဘေးရှောင်စခန်းများကိုလည်း နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် တံတားများအား ပြည်သူများသွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန် မှာကြားထားသည်။
မြန်မာနိုင်ငံတစ်ဝန်း မုန်တိုင်းနှစ်ခုအရှိန်ကြောင့် စက်တင်ဘာ (၁၀) ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးသင့်သူ (၂) သိန်းခွဲခန့်ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၇ )ခုမှ မြို့နယ် (၃၄)မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ (၁၃) ရက်အထိ ရေဘေးသင့်အိမ်ထောင်စု (၅၉၄၁၃) မှ လူဦးရေ (၂၃၆၆၄၉) ဦးအား ရေဘေးကယ်ဆယ်ရေးစခန်း (၁၈၇) ခုတွင် ယာယီနေရာချထားပေးခဲ့ရကြောင်း သိရသည်။



















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
