မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်အတွင်းရှိ ရှေးဟောင်းဘုရားကိုးဆူသည် စက်တင်ဘာ (၁၂ )ရက်က စတင်ကာ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ပြိုကျခဲ့သည့် ဘုရားများသည် (၁)ဘုရားအမှတ်-၁၊ ဘုရားအမှတ် ၁၅၉၇ သဗ္ဗညုဘုရား ၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တော င်အစု) ၊ဘုရားအမှတ်၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် ၊ ဆင်ဖြူရှင်ရေ ကန် ၊ဘုရားအမှတ် ၇၁၁ လက်ပွတ်ကန်ဘုရားနှင့် ဘုရားအမှတ်-၃၄၅ ဘုရား တို့ ဖြစ်ကြသည်။
ယင်းဘုရားများကို ရှေးမူလက်ရာမပျက်ကာ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြောသည်။
ထိုကဲ့သို့ ပြုပြင်ရာတွင် ဘိလပ်မြေလုံးဝမသုံးဘဲ ရှေးမူလက်ရာအတိုင်း သရိုးကိုင်ခြင်း၊ ပြုပြင်ရေးစံချိန် စံညွှန်းနှင့် အညီပြုပြင်ခြင်း၊ထိခိုက်ပျက်စီးမှုအနည်းအများအပေါ်မူတည်ပြီးအချိန်ယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားမည်ဟုလည်းပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ရှင်းပြသည်။
လက်ရှိတွင် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းအဆောက်အအုံများကို မိုးရေကြောင့်ထပ်မံမထိခိုက်အောင်ဆောင်ရွက်နေကာ မိုးရေဓာတ်ခမ်းသည် အထိစောင့်ဆိုင်းခြင်း၊ ပြုပြင်ရန်အတွက် နေရာရှင်းလင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
