ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်နေမှုကြောင့် ဘားအံ -ရန်ကုန်၊ ဘားအံ-မော်လမြိုင်ကားများ ပြေးဆွဲမှုရပ်နားထားကြောင်း ယာဉ်လိုင်းများမှစုံစမ်း သိရှိရသည်။
စက်တင်ဘာလ (၁၄) ရက်၊ နံနက်တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၉၆၈ စင်တီမီတာ အထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
” ကားလက်မှတ်ဖိုးတွေ ပြန်အမ်းပေးထားတယ်။ ကားလမ်းရေကျော်နေတော့ သွားလို့မရဘူး။ အခုခဏရပ်ထားတယ်” ဟု ဘားအံသို့ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ်းနားလမ်းမကြီး အပါအဝင် အခြားလမ်းမကြီးနေရာအတော်များများတွင်လည်း လမ်းရေအလွန်ကျော်နေသည့်အတွက် ကားများသွားလာလို့မရနိုင်တော့ပဲ ဘားအံ-ရန်ကုန်၊ ဘားအံ-မော်လမြိုင်ကားများသည်လည်း ယခုအချိန်ပြေးမဆွဲတော့ဘဲ ရပ်နားထားခြင်းဖြစ်သည်။
သံလွင် မြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိနေပြီး ရေဘေးစခန်းအပါအဝင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
ထို့အတူ ဘားအံမြို့နယ်ဖြစ်သော မိစံနှင့် လှိုင်းဘွဲမြို့နယ်ရှိ ရွှေဂွန်းတို့တွင်လည်း အလားတူ ရေကြီးမှုများဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးအပါအဝင် စားနပ်ရိက္ခာများပါ လိုအပ်နေကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
