လိုအပ်တာထက်ပိုပြီး ဖောင်းပွနေတဲ့ ပွဲစဉ်ဇယားက ကစားသမားတွေအတွက် ဒဏ်ရာပြဿနာတွေနဲ့ ပိုပြီးကြုံတွေ့ရနိုင်ခြေရှိကြောင်း နည်းပြတွေ အပါအဝင် ကျွမ်းကျင်သူအတော်များများက ထောက်ပြခဲ့ကြပေမဲ့ ဘောလုံးလောကရဲ့ တာဝန်ရှိသူတွေက အရေးမစိုက်ခဲ့ကြပါဘူး။ ရုပ်သံဝင်ငွေ ပိုရဖို့ပဲ အလေးထားခဲ့ကြပါတယ်။ ဒီတော့ တချို့ကစားသမားတွေ ဓားစာခံ ဖြစ်ခဲ့ရပြီး တချို့ကလပ်အသင်းတွေ စတေးခံကြရပါတယ်။ လောလောလတ်လတ်မြင်တွေ့နေရတာ ကတော့ အာတီတာရဲ့ အာဆင်နယ်အသင်းပါ။ အာတီတာအတွက် ပိုပြီးခေါင်းခဲစရာဖြစ်သွားခဲ့ရတာက ပွဲကျပ်တွေ ဆက်တိုက်ဆင်နွှဲရမယ့် အချိန်ကာလဖြစ်နေတာနဲ့ ဒဏ်ရာပြဿနာအပြင် ပွဲပယ်ပြဿနာလည်း ရှိနေတာပါ။ အော်ဒီဂွါနည်းတူ အသင်းရဲ့ အမာခံကွင်းလယ်ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဒက်ကလန်ရိုက်စ်ကလည်း ပွဲပယ်ပြစ်ဒဏ် ကျခံထားရပါတယ်။ ဒါကြောင့်လည်း စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ အဝေးကွင်းပွဲမှာ အာဆင်နယ်အသင်း ဒုက္ခရောက်တော့မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ စပါးရဲ့ နောက်မှာ စောင့်ကြိုနေတဲ့ ပြိုင်ဘက်တွေကလည်း အတ္တလန်တာနဲ့ မန်စီးတီး။ ပြီးတော့ ၂၁ ရက်အတွင်း ပြိုင်ပွဲစုံ ၇ ပွဲ ကစားရမယ့် အခြေအနေ။ အာတီတာ အိပ်လို့မှ ပျော်ပါ့မလား။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
