ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသရှိ ကျေးရွာ (၁၇၁) ရွာမှာ ရေကြီးနစ်မြုပ်နေပြီး အစားအသောက်နှင့် ဆေးဝါးအပါအဝင် အကူအညီ အထောက်ပံ့များ လိုအပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါ အင်းလေးဒေသ ကျေးရွာများရှိ တစ်ထပ်အိမ်များ အားလုံးနီးပါး ရေနစ်မြုပ်နေပြီး နီးစပ်ရာ အထပ်မြင့် အိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် ယာယီပြောင်းရွှေ့ခိုလှုံနေရကြောင်း အင်းလေးဒေသမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသူအချို့ထံမှ သိရသည်။
အင်းလေးဒေသတွင် စက်တင်ဘာ (၆) ရက်မှ စတင်၍ ရေမှာ တဖြည်းဖြည်း ဝင်ရောက်နစ်မြုပ်ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ (၁၁)ရက်မှ စ၍ (၃) ရက်အတွင်း အဆမတန် မြင့်တက်လာရာ တစ်ထပ်အိမ်များ အိမ်ခေါင်မိုး အထိ နစ်မြုပ်နေပြီး နှစ်ထပ်အိမ်များတွင် နေအိမ်အောက်ထပ်များ ရေနစ်မြုပ်နေကြောင်း သိရသည်။
ရေနစ်မြုပ်ခဲ့ရသည့် နေအိမ်များမှ ရေဘေးသင့် ဒေသခံများ ၊ ကျေးရွာရှိ ဘုန်းတော်ကြီးများမှာ အနောက်ဘက် တောင်အောက်ခြေ ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင်ကြပြီး ရေနစ်မြုပ်မှု မရှိသေးသည့် အထပ်မြင့် အိမ်များတွင်လည်း စုပေါင်းနေထိုင်မှုများရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ကျေးရွာအုပ်စု (၃၅) အုပ်စု၊ ကျေးရွာပေါင်း (၄၄၅) ရွာရှိပြီး လက်ရှိ ကျေးရွာ (၁၇၁) ရွာ ရေကြီးနစ်မြုပ်နေရာ လတ်တလော လျှပ်စစ်မီးမရရှိခြင်းကြောင့် ချက်ပြုတ်စားသောက်ရန် ခက်ခဲလျက်ရှိရာ စားစရာ၊ သောက်သုံးရေ၊ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံး စသည်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
အင်းလေကန်မှာ နှစ်စဉ် ပုံမှန်ရေတက်ချိန် လနှင့်ချီ ကြာတတ်ပြီး ယခုကဲ့သို့ ရေမှာ ဆက်တိုက် မြင့်တက်လာရာ ရေပြန်ကျရန် လပေါင်းများစွာကြာမြင့်မည်ဖြစ်ရာ ဒေသခံများမှာ စားဝတ်နေရေးစိုးရိမ်နေကြကြောင်း သိရသည်။
ထို့ပြင် အင်းလေးဒေသအပြင် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားသည့် ထမ်းစမ်းဂူတွင်လည်း ရေဝင်ရောက်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယင်းအပြင် တောင်ပေါ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့တွင်လည်း ရေကြီး၊ ရေလျှံမှု ဆိုးရွာစွာ ကြုံတွေ့နေရပြီး လူပေါင်းရာချီ ရုပ်အလေ-ာင်းများကို ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူများ ရှိနေသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသော်လည်း ေ-သဆုံးသူအရေအတွက် အတည်ပြုရန် ခဲယဉ်းနေဆဲပင်ဖြစ်သည်။
ယာဂီမုန်တိုင်း လက်ကျန်လေပွေလှိင်းအရှိန်ကြောင့် နိုင်ငံတဝန်း စက်တင်ဘာ (၁၀) နံနက်ပိုင်းမှစတင်၍ ရေကြီး၊ ရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး၊ လမ်းပိုင်းအချိုတွင်လည်း မြေပြိုခြင်း လမ်းရေကျော်ခြင်းများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၁၀) မြို့ထက်မနည်း ရေနစ်မြုပ်လျက်ရှိကာ ဒေသခံ သိန်းနှင့်ချီ ရေဘေးသင့်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်













-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
