ပဲခူးတိုင်း၊ ရေတာရှည်မြို့တွင် ရေဘေးရှောင်များနေထိုင်သည့်ဓမ္မာရုံပေါ်သို့ အပင်လဲကျခဲ့မှု ယမန်နေ့ စက်တင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအ သင်းဝင်များထံမှ သိရသည်။
ရေတာရှည်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသည့်ဓမ္မာရုံပေါ်သို့ အင်ပင်လဲကျခဲ့ရာ ရေဘေးရှောင်များအဖြစ်ရောက်ရှိနေသော အမျိုးသမီးတစ်ဦးမှာ သစ်ပင်ပိမိ၍ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
” ရေတက်တော့မြေကြီးတွေကနူးပြီး အင်ပင်ကလဲကျသွားတာ။ ဓမ္မာရုံပေါ်တိုက်ရိုက်လဲကျသွားတဲ့အတွက် အဆောက်အဦးလည်းပျက်စီးသွားတယ်။ ေ-သဆုံး/ဒဏ်ရာရတာတွေလည်းရှိသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထို့ကြောင့် လူမှုကူညီရေးအသင်းဝင်များက ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့်ထိခိုက်ဒဏ်ရာရသူ များအား ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများမှာ အရေးပေါ်ဆေးကုသမှုခံယူမည်ဖြစ်၍ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
