မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ (၇)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁(A)လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားနေ ဦးရဲလင်းရွှေသည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် Alphard အမျိုးအစားယာဉ်ဖြင့် အမျိုးသား(၇)ဦး ရောက်ရှိလာပြီး ၎င်းတို့အနက်မှ အမျိုးသား လေးဦးက ဓား၊ သေနတ်များကိုင်ဆောင်၍ နေအိမ်အတွင်း ဝင်ရောက်လာကာ ဦးရဲလင်းရွှေ၏ အသက် လေးနှစ်အရွယ် သမီးဖြစ်သူအား ရိုက်နှက်၍ နေအိမ်ရှိ စူပါကပ်ဆိုင်ကယ် တစ်စီးနှင့် ထီး တစ်လက်တို့အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးရဲလင်းရွှေ ပိုင်ဆိုင်သည့် SUZUKI အမျိုးအစားခဲရောင်ယာဉ် တစ်စီး၊ IPhone 10 XR လက်ကိုင်ဖုန်း တစ်လုံးတို့အား ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၂၃/၄၂၇ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ လုံခြုံရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများမှ သတင်း အချက်အလက်များရယူစုံစမ်းဖော်ထုတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈(D)လမ်းနှင့် မင်္ဂလာလမ်းထောင့်၌ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသည့် ချမ်းမြသာစည်မြို့ နယ်၊ ထွန်တုံးရပ်ကွက်နေ ဇွဲထက်(ခ)ဇောင်းထက်၊ ချမ်းငြိမ်းသူ၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်နေ ဟိန်းသန့်၊ ဇင်မင်းခန့်(ခ) တရုတ်ကြီး၊ အောင်မြင့်မြတ်(ခ)ဆုပင်၊ အောင်မြင့်မြတ်(ခ)အောင်ဆန်းဦး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်နေ စိုင်းခွန်ကျော်ဇော(ခ)ခွန်ကျော် တို့ (၇)ဦးအား ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၂၄ လက်မခန့်ရှိ ဓားရှည် တစ်ချောင်း၊ အရိုး/ အသွား ၃၄ လက်မခန့်ရှိ ဓားရှည် တစ်ချောင်း၊ အရှည် ၆ လက်မခန့်ရှိ ရဲဒင်း တစ်လက်၊ ပလပ်စတစ်ဖြင့် ပြုလုပ်ထားသည့် ကော်သေနတ်အနက်ရောင် တစ်လက်၊ Alphard အမျိုးအစား အနက် ရောင်ယာဉ်၊ SUZUKI အမျိုးအစားယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ ဇွဲထက်(ခ) ဇောင်းထက် ပါ (၇) ဦးအား သက်သေခံပစ္စည်းများနှင့် အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
