လက်ရှိ ဘရာဇီးလ်အသင်းလူစာရင်းတွင် နေမာမှာ လိုအပ်သည့်ကစားသမားဖြစ်သော်လည်း အစားမထိုးနိုင်မည့်သူမဟုတ်ဟု ဘရာဇီးလ်အသင်းနည်းပြ ထိထီက အံ့အားသင့်ဖွယ် မှတ်ချက်ပြုခဲ့သည်။
လက်ရှိ ဘရာဇီးလ်အသင်းလူစာရင်းတွင် နေမာမှာ လိုအပ်သည့်ကစားသမားဖြစ်သော်လည်း အစားမထိုးနိုင်မည့်သူမဟုတ်ဟု ဘရာဇီးလ်အသင်းနည်းပြ ထိထီက အံ့အားသင့်ဖွယ် မှတ်ချက်ပြုခဲ့သည်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ နေမာသည် ဘရာဇီးလ်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း(၁၀၁)ပွဲအထိ ကစားပေးထားပြီး (၆၁)ဂိုး သွင်းယူကာ ပီလီနှင့် ရော်နယ်လ်ဒိုတို့၏နောက်တွင် တတိယအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
PSG အသင်းကြယ်ပွင့်ကစားသမား နေမာသည် ဘရာဇီးလ်အသင်းနှင့်အတူ ၂၀၁၄ နှင့် ၂၀၁၈ ကမ္ဘာ့ဖလား (၂)ကြိမ်ကစားခဲ့ပြီး သူ၏တစ်ခုတည်းသော နိုင်ငံတကာအောင်မြင်မှုအဖြစ် ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့ခြင်းသာရှိသည်။
ပြီးခဲ့သည့်နှစ်နွေရာသီက ဘရာဇီးလ်အသင်း ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း ၎င်းမှာမူ ခြေချင်းဝတ်ဒဏ်ရာရရှိနေသဖြင့် ပြိုင်ပွဲနှင့် လွဲ ချော်ခဲ့ရသည်။
"နေမာဟာ ဘောလုံးပွဲတစ်ပွဲ မှာ မခန့်မှန်းနိုင်တာတွေကို သယ်ယူ လာတတ်သူတစ်ဦးပါ။ သူကစားတဲ့ အသင်းတစ်သင်းရဲ့ဖြစ်တည်နိုင်စွမ်းဟာ မတူညီပါဘူး။ ကျွန်တော်ပြောတဲ့ နေမာက အသင်းအတွက် စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအပြည့်ရှိတဲ့ ကစားသမားတစ်ဦးပါ။ သူ့လိုကစား သမားတစ်ဦးက အသင်းအတွက်လို အပ်ပေမယ့် အစားမထိုးနိုင်သူမဟုတ်ပါဘူး"ဟု ထိထီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
