မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များဖြစ်သည့် စိုးလင်းဦး၊ ဖျံသွေး၊ မိုက်ရိုင်း၊ သွေးသစ် ဝင်းလှိုင်၊ ကျော်စွာဝင်းတို့အပါအဝင် MMA ကစားသမားတစ်ဦးဖြစ်သူ ဖိုးသော်တို့က COVID-19 ရောဂါ၏ လက်ရှိအခြေအနေများအရ ပရိသတ်များအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ရန်အတွက် နေအိမ်၌သာနေကြရန် တိုက်တွန်းသည့် #StayAtHome အစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရိုးရာလက်ဝှေ့သမားများနှင့် MMA ကစားသမား ဖိုးသော်တို့ပါဝင်သည့် #StayAtHome လှုပ်ရှားမှုအတွက် ဗီဒီယိုဖိုင်ကို WLC ၏ အစီအစဉ်ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါဗီဒီယိုဖိုင်မှာ လက်ရှိအချိန်အထိ ပွဲလမ်းသဘင်များ ကျင်းပလျက်ရှိနေသေးသည့် ဒေသအချို့မှပရိသတ်များကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ သထုံမြို့ခံလက်ဝှေ့သမားတစ်ဦးဖြစ်သူ ဒို့ရိုးရာလက်ဝှေ့ကလပ်မှ စိုးလင်းဦးက ''လက်ရှိမှာကြုံတွေ့နေရတဲ့ ရောဂါဆိုးကြောင့် အကုန်လုံးက အပြင်ကိုမထွက်တာ အကောင်းဆုံးပါပဲ။ အိမ်မှာပဲ အနားယူနေသင့်တယ်။ ကျွန်တော်လည်း အပြင်မထွက်ဘူး။ အိမ်မှာနေတယ်။ လေ့ကျင့်တယ်။ ပရိသတ်တွေအားလုံးလည်း အပြင်မထွက်ကြပါနဲ့။ ဒီရောဂါဆိုးက တစ်ကမ္ဘာလုံး ကြုံတွေ့နေရတာပါ။ ကိုယ်တစ်ယောက်တည်း မဖြစ်ဘူးလို့ မတွေးကြပါနဲ့''ဟု တိုက်တွန်းပြောကြားသည်။
''ဒီအခြေအနေမှာ ကျွန်တော်တို့အားလုံးပါဝင်ပြီး ဒါကိုထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ထိန်းချုပ်နိုင်ဖို့အတွက် အားလုံးရဲ့ပါဝင်ပူးပေါင်းမှုကို လိုအပ်တယ်''ဟု သွေးသစ်ဝင်းလှိုင်က ပြောကြားပြီး ဖျံသွေး၊ မိုက်ရိုင်းစသည့် လက်ဝှေ့သမားများလည်း မိမိတို့ အိမ်တွင်နေ၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများလုပ်ကြရန်နှင့် အပြင်မထွက်ရန်အတွက် မှာကြားမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် MMA ကစားသမား ဖိုးသော်ကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုလိုက်နာ၍ လူ ထူထပ်သောနေရာများသို့ သွားရောက်ခြင်းအား ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လက်ရှိအချိန်တွင် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများတွင် ရောဂါပိုးရှိသူများ ပါဝင်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိလာသူအချို့မှာ ပွဲလမ်းသဘင်များသို့ အသွားအလာမပြတ်ရှိနေသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
