ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကြောင့် အားကစားပြိုင်ပွဲများစွာ ရပ်နားထားရသော်လည်း ဥရောပတွင် တစ်ခုတည်းသောလိဂ်အဖြစ်ကျင်းပနေသည့် ဘယ်လာရုစ်ပရီးမီးယားလိဂ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ထုတ်လွှင့်ပြသရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပလိဂ် ပြိုင်ပွဲအများစုကို မတ်လဒုတိယပတ်မှစ၍ ရပ်နားထားသော်လည်း ၂၀၂၀ ရာသီ ဘယ်လာရုစ်ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ် ၁၉ ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် (၂) အဖြစ် မတ် ၂၈ ရက်က Minsk ဒါဘီပြိုင်ဘက် FC Minsk အသင်းနှင့် Dinamo Minsk အသင်းတို့၏ပွဲကို ပရိသတ် ၃၀၀၀ ဆံ့ကွင်း၌ကျင်းပရာ ပရိသတ်အများအပြား လာရောက်ကြည့်ရှုခဲ့ကြပြီး ဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးသည့် ဝန်ထမ်းများမှလွဲ၍ အများစုမှာ နှာခေါင်းစည်းပင်တပ်ဆင်လာခြင်းမရှိကြောင်း သိရသည်။
လူဦးရေ ၉ ဒသမ ၅ သန်းနေထိုင်သည့် ဘယ်လာရုစ်နိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားကြောင်း အတည်ပြုထားသူ ၉၄ ဦးသာ ရှိသေးပြီး သေဆုံးသူတစ်ဦးမျှမရှိသလို ပြန်လည်ကောင်းမွန်သူမှာလည်း ၃၂ ဦးအထိ ရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပနိုင်ငံအများစုက နယ်စပ်ဂိတ်များပိတ်ထားသလို နိုင်ငံသားများကို အပြင်မထွက်ဘဲ နေအိမ်၌သာနေကြရန် ကန့်သတ်တားမြစ်ထားသော်လည်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ဗော့ဒ်ကာသောက်၍ ရောဂါကို ရင်ဆိုင်တိုက်ခိုက်ကြရန် တိုက်တွန်းထားသည်။
ဘယ်လာရုစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အလက်ဇန္ဒားအယ်လီနစ်ကလည်း ''ကျွန်တော်တို့အနေနဲ့ အားကစားဝန်ကြီးဌာနရဲ့အကြံပေးမှုအားလုံးကို လိုက်နာထားပါတယ်။ ပရိသတ်တွေနဲ့ ထိတွေ့မှုရှိသူအားလုံးကိုလည်း လက်အိတ်တွေပေးထားပါတယ်''ဟု ပြောကြားသည်။
ယင်းကဲ့သို့ အခြားလိဂ်ပြိုင်ပွဲများရပ်နား ထားစဉ်တစ်ခုတည်းသောလိဂ်အဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသောကြောင့် ဘယ်လာရုစ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခုရာသီပွဲစဉ်များကိုထုတ်လွှင့်ပြသရန် ရုရှား၊ အစ္စရေး၊ အိန္ဒိယအပါအဝင် နိုင်ငံ ၁၀ နိုင်ငံနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
''ဒါက မကြုံစဖူး အခြေအနေပါပဲ''ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဇန္ဒားအယ်လီနစ်က ပြောကြားသည်။
ဘယ်လာရုစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး BATE အသင်းက ချန်ပီယံဆု ၁၅ ကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ်ရပ်တည်နေကာ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း မကြာခဏယှဉ် ပြိုင်ခွင့်ရရှိထားသည်။
၂၀၁၉ ရာသီတွင် ချန်ပီယံဖြစ်ခဲ့သည့် ဒိုင်နမိုဘရက်စ်အသင်းက ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲခြေစစ်ပွဲပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရပြီး ဒုတိယနှင့် တတိယရသည့် BATE နှင့် ရှက်တာဆိုလီဂေါ့စ်အသင်းတို့က ယူရိုပါလိဂ်ခြေစစ်ပွဲ ပထမအဆင့်မှ ယှဉ်ပြိုင်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
