ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဟန်းစ် ယိုအာကင်ဗက်ဇ်ကယ်က ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းရင်ဆိုင်နေရသော်လည်း ဆန်ချိုကို စျေးပေါပေါဖြင့် ရောင်းချမည် မဟုတ်ကြောင်း သတိပေးပြောကြားသည်။
အသက် ၂၀ သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုကို ပရီးမီးယားလိဂ်ကလပ် မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးတို့အပြင် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင် တပ်စ် စသည့် ဥရောပထိပ်တန်းကလပ်များစွာက စိတ်ဝင်စားနေပြီး လာမည့်နွေရာသီတွင် အပြိုင်အဆိုင် ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိနေသည်။
သို့ဖြစ်ရာ ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဗက်ဇ်ကယ်က ''ကစားသမားတွေရဲ့ဆန္ဒကို အမြဲတမ်းလေးစားရပါမယ်။ ကျွန်တော်တို့ကတော့ ဂျေဒန်ကို အတူဆက်ရှိစေချင်တယ်ဆိုတာ ကိုရိုနာမဖြစ်ခင်ကတည်းက ပြောထားပြီးသားပါ။ အရမ်းချမ်းသာတဲ့ ကလပ်တွေကို ပြောချင်တာကတော့ လက်ရှိမှာ အကျပ်အတည်းကာလကြုံတွေ့နေရပေမဲ့ ကျွန်တော်တို့ဆီက စျေးသက်သက်သာသာနဲ့ရမယ်လို့ မတွေးထားပါနဲ့ ဆိုတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ဘယ်ကစားသမားကိုမှ သူတို့ရဲ့တန်ကြေးထက်လျှော့ပြီး ရောင်းချမှာ မဟုတ်ပါဘူး''ဟု သတိပေးပြောကြားခြင်း ဖြစ်သည်။
ဆန်ချိုသည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ၂၃ ပွဲကစား ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှစ်ပွဲကစား နှစ်ဂိုးသွင်းယူထားပြီး ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါနှင့် ပြိုင်ပွဲစုံတွင် ဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
ဗြိတိန်အခြေစိုက် The Mirror သတင်းဌာနကလည်း ဆန်ချိုအနေဖြင့် နွေ ရာသီတွင် ဒေါ့မွန်အသင်းမှထွက်ခွာနိုင်သော်လည်း ၎င်းအားခေါ်ယူရန် မည်သည့်အသင်းမျှ ပိုမိုရေပန်းစားခြင်းမရှိကြောင်း ဖော်ပြသည်။
ဒေါ့မွန်အသင်းသည် မတ် ၃၀ ရက်မှ စ၍ အုပ်စုနှစ်ခုခွဲကာ လေ့ကျင့်မှုပြန်လည်စတင်ရန် စီစဉ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
