မန်စီးတီးအသင်းသည် ၎င်းတို့၏ အိမ်ကွင်းဖြစ်သော အီတီဟတ်ကွင်းအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တိုက်ဖျက်ရေးအစီအစဉ်များနှင့် လေ့ကျင့်ရေးအစီအစဉ်များအတွက် အသုံးပြုရန် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) သို့ ကမ်းလှမ်းခဲ့ရာ NHS က ယင်းကမ်းလှမ်းမှုအား လက်ခံလိုက်ကြောင်း သိရှိ ရသည်။ သို့ဖြစ်ရာ ရှေ့လာမည့်ရက်သတ္တပတ်မှစ၍ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ရောဂါပိုးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် အီတီဟတ်ကွင်းအား အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ NHS အနေဖြင့် ယင်းကွင်းအား အသုံးပြုခွင့်ရရှိသော်လည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် လူနာများကိုမူ ယင်းကွင်းသို့ ခေါ်ဆောင်လာမည်မဟုတ်ကြောင်း သိရှိရသည်။
အီတီဟတ်ကွင်းနှင့် (၂)မိုင်ခန့်ဝေးကွာသော မန်ချက်စတာမြို့အလယ်ရှိ Manchester Central Convention Complex(GMEX) တွင် ယာယီဆေးရုံဖွင့်လှစ်၍ ရောဂါပိုးကူးစက်ခံရသူများကို ကုသပေးလျက်ရှိနေကြောင်း သိရှိရသည်။ မန်စီးတီးအသင်း၏ အီတီဟတ်ကွင်းတွင် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူများအနေဖြင့် အစည်းအဝေးပြုလုပ်ခြင်းအပါအဝင် ကြိုတင်ပြင်ဆင်မှုများအတွက် ခန်းမကျယ်များကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရပ်နားထားရာ အီတီဟတ်ကွင်းမှာ ဘောလုံးပွဲများကစားရန်မရှိသဖြင့် အားလပ်လျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် ဆိုးရွားလျက်ရှိနေသော ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကြောင့် ဘောလုံးကလပ်အသင်းများနှင့် ကစားသမားများက ထောက်ပ့ံလှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့မှာလည်း ပေါင်(၁)သိန်းစီ လှူဒါန်းထားပြီးဖြစ်သည်။ မန်စီးတီးအသင်းသည် ယခင်ကလည်း မန်ချက်စတာမြို့တွင် ကြုံတွေ့ခဲ့ရသော ဗုံးပေါက်ကွဲမှုအတွက် ၎င်းတို့၏ကွင်းကို အသုံးပြုခွင့် ပေးခဲ့ဖူးသည်။
၂၀၁၇ ခုနှစ်၊ မေလ(၂၂)ရက်နေ့က မြို့တွင်းရှိ မန်ချက်စတာအရီနာတွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ လူ(၂၃)ဦး သေဆုံးပြီး (၁၁၂)ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ထိုစဉ်က မန်စီးတီးအသင်းတာဝန်ရှိသူများသည် အီတီဟတ်ကွင်းအား လူအများ အန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုနိုင်ရန် ခွင့်ပြုပေးခဲ့သည်။ မန်စီးတီးအသင်း၏ အီတီဟတ်ကွင်းမှာ ပရိသတ် (၅၅၀၀၀)ကျော်ဆံ့သည့် ကွင်းတစ်ကွင်းဖြစ်သည်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဧပြီလကုန်အထိ ရပ်နားပြီး ယင်းနောက်ပိုင်းတွင် ပြန်ကစားရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိနေရာ အကယ်၍ ဧပြီလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်လည်ကစားခဲ့ပါက NHS ထံ မန်စီးတီးအသင်း ပေးအပ်ထားသည့် ကွင်းအသုံးပြုခွင့်မှာ ရပ်ဆိုင်းသွားဖွယ်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
