ပရီးမီးယားလိဂ်နှင့် ဥရောပပြိုင်ပွဲများ ထုတ်လွှင့်ပြသနေသည့် ဗြိတိန်အခြေစိုက် BT Sport ရုပ်သံဌာနက ဘောလုံးသုံးသပ်ဝေဖန်သူများကို Live ပြသသည့် ပွဲအရေအတွက်ဖြင့်သာ လစာပေးချေသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကြောင့် ဘောလုံးပွဲများ ရပ်နားထားရသဖြင့် BT Sport ရုပ်သံက ဘောလုံးသုံးသပ် သူများအတွက် လစာပေးချေမှုကို လျှော့ချရန် စီစဉ်နေခြင်းဖြစ်သည်။
BT Sport ရုပ်သံတွင် နာမည်ကျော် ဘောလုံးသမားဟောင်းများ ဖြစ်သည့် ရီယိုဖာဒီနန်၊ မက်မန်နာမန်၊ ဖလက်ချာ၊ ဂျာမိန်းဂျီးနပ်စ်၊ ရော်ဘီဆာဗေ့ချ်၊ ခရစ္စဆပ်တန်၊ မာတင်ကီအွန်၊ ဂျိုးကိုးလ်၊ ဂလင်း ဟော်ဒယ်လ်၊ မိုက်ကယ်အိုဝင်၊ ဟားဂရေ့ဗ်စ်၊ ဟာရီရက်နပ်၊ ပေါလ်အင့်စ်တို့ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေအရ ၎င်းတို့အနေဖြင့် လစာ အပြည့်ရဖွယ်မရှိတော့ကြောင်း သိရသည်။
ပုံမှန်အားဖြင့် ဘောလုံးသုံးသပ်သူများ၏လစာကို ရာသီကုန်ဆုံးချိန်တွင် ပေးချေလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလကြောင့် Live ထုတ်လွှင့်စဉ် ပါဝင်ဆောင်ရွက်ခဲ့သည့် ပွဲအရေအတွက်ဖြင့်သာ ပေးချေတော့မည်ဖြစ်သည်။
BT Sport အနေဖြင့် အခပေးစနစ်ဝယ်ယူထားသူများကို ငွေပြန်အမ်းမည်မဟုတ်သော်လည်း တစ်လစာဆိုင်းငံ့ပေးခြင်း (သို့မဟုတ်) လစဉ်ကြေးကို ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) အတွက် လှူဒါန်းခြင်းပြုလုပ်နိုင်ရန် စီစဉ်ပေး ထားသည်။
BT Sport သည် တစ်ရာသီလျှင် ပရီးမီးယားလိဂ်ပွဲစဉ် ၅၂ ပွဲကို Exclusive Live ပြသခွင့် ဝယ်ယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
