ရိန်းဂျားစ် - ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းနှင့် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းက ၎င်းတို့၏ကွင်းများကို ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) အတွက် အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ဘာစီလိုနာ - ဘာစီလိုနာအသင်းက ကတ်တလန်အစိုးရ၏ ကျန်းမာရေးဌာနအတွက် နှာခေါင်းစည်း ၃၀,၀၀၀ လှူဒါန်းမည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး ယင်းနှာခေါင်းစည်းများကို တရုတ်အခြေစိုက် Taiping Life အာမခံကုမ္ပဏီက ဘာစီလိုနာအသင်းမှတစ် ဆင့် လှူဒါန်းခြင်းဖြစ်သည်။
ရိုးမား - ရိုးမားအသင်းသည် စီးရီးအေပြိုင်ပွဲ ပြန်လည်ကစားရပါက ပထမဆုံးပွဲ၏ လက်မှတ်စောင်ရေ ၅၀၀၀ ကို ကမ္ဘာတစ်ဝန်းရှိ ကို ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများကို ပေးအပ်သွား မည်ဖြစ်သည်။
အန်သိုနီတေလာ - ပရီးမီးယားလိဂ်ဒိုင်လူကြီး အန်သိုနီတေလာသည် ဗြိတိန်ကျန်းမာရေးဌာန (NHS) အတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။
မာတီနက်ဇ် - ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူ ဟာဗီမာတီနက်ဇ်သည် မြူးနစ်မြို့ရှိ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ နေအိမ်မှ ထွက်ခွင့်မရသူများအတွက် ပစ္စည်းဝယ်ယူကာ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အက်ဒီဟန်း - ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အန်သိုနီဂျိုရှူအာအပါအဝင် နာမည်ကြီး လက်ဝှေ့သမားများ၏ ပွဲစီစဉ်သူ အက်ဒီဟန်း က ပြိုင်ပွဲများ ပြန်လည်ကျင်းပချိန်မှစ၍ တစ်နှစ်အတွင်း ပွဲတိုင်းတွင် NHS ဝန်ထမ်းများအတွက် လက်မှတ် ၂၀၀ စီ အခမဲ့ပေးအပ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
