ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့သည် ဘန်လေအသင်း၏ အင်္ဂလန်ဂိုးသမား နစ်ပုပ် (၂၇ နှစ်) အား ခေါ်ယူရန် အပြိုင်ကမ်း လှမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် အမှားအယွင်းများခဲ့သည့် စပိန်ဂိုးသမား ကယ်ပါ၏နေရာတွင် အစားထိုး ရန် နစ်ပုပ်ကို ပစ်မှတ်ထားနေခြင်းဖြစ်သလို၊ စပါးအသင်းကလည်း အသက်အရွယ်ကြီးရင့်လာသည့် ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်၏နေ ရာတွင် ၎င်းနှင့်အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
နစ်ပုပ်သည် ပြီးခဲ့သည့် (၄)ရာသီအတွင်း ဘန်လေအသင်းတွင် လက်စွမ်းပြကစားနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်အသင်းကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်သည်။
၎င်းသည် ဘန်လေအသင်းအတွက် ပြိုင်ပွဲစုံ(၇၄)ပွဲ ကစားပေးထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၂)ပွဲကစားခွင့် ရရှိထားသည်။
ကစားသမားဘဝကို ဘူရီ၊ ချာလ်တန်အသင်းများတွင် ဖြတ်သန်းခဲ့ပြီး အငှားကစားခဲ့သည့်အသင်းမှာလည်း (၅)သင်းအထိရှိခဲ့သည်။
ယခုရာသီတွင်မူ နစ်ပုပ်မှာ ဘန်လေအသင်းအတွက် (၂၉)ပွဲကစားကာ ဂိုး(၄၀)ပေးထားရသည်။
ဘန်လေအသင်းနှင့်ချုပ်ဆိုထားသည့် နစ်ပုပ်၏စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အကုန်ထိဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
