ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အဆုံးမသတ်နိုင်ပါက ပရီးမီးယားလိဂ်ကလပ်အသင်းများ ဆုံးရှုံးရမည့်ငွေ ကြေးမှာ ပေါင်(၁.၂)ဘီလီယံအထိ ရှိနိုင်မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇူလိုင်လကုန်တွင် အဆုံးမသတ်နိုင်ခဲ့ပါက ကလပ်အသင်းများအနေဖြင့် ရုပ်သံကုမ္ပဏီ(၂)ခုဖြစ်သည် Sky Sports နှင့် BT Sport တို့ကို လျော်ကြေးငွေ ပေါင်(၇၆၂)သန်းပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းရုပ်သံကုမ္ပဏီ(၂)ခုမှာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲ(၁၉၀)ကို ထုတ်လွှင့်ခွင့်ရယူထားပြီး လက်ရှိ ၎င်းတို့နှင့်ချုပ်ဆိုထားသည့် (၃)နှစ်သက်တမ်းရှိ ရုပ်သံစာချုပ်မှာ ပေါင်(၃)ဘီလီယံကျော်တန်ဖိုးရှိသည်။ ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် ၎င်းရုပ်သံကုမ္ပဏီများကို ပေးရမည့်လျော်ကြေးငွေအပြင် အခြားဆုံးရှုံးမှုများစွာရှိနေရာ စုစုပေါင်း ဆုံးရှုံးငွေမှာ ပေါင်(၁.၂)ဘီလီယံအထိ ရှိနိုင်ကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။ အားကစားစပွန်ဆာ ဆန်းစစ်သုံးသပ်သူ ဒေါက်တာ ပီတာရိုလ်မန်းက ''ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ဆုံးရှုံးငွေကတော့ တကယ်ကို ကြောက်ခမန်းလိလိပါပဲ။ ကွင်းဝင်ကြေးဆုံးရှုံးမှုတွေ၊ စပွန်ဆာငွေကြေးဆုံးရှုံးမှုတွေ၊ ဆုကြေးငွေဆုံးရှုံးမှုတွေ၊ အမှတ်တရပစ္စည်းရောင်းရငွေ ဆုံးရှုံးမှုတွေအပြင် တခြားဆုံးရှုံးမှုအရပ်ရပ်ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်း(၂၀)ရဲ့ ဆုံးရှုံးနစ်နာမှုငွေပမာဏကို ပေါင်းကြည့်မယ်ဆိုရင် ပေါင်(၁.၂)ဘီလီယံအထိ ရှိနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် အခြားသော ဥရောပလိဂ်ပြိုင်ပွဲများအနေဖြင့်လည်း ပရီးမီးယားလိဂ်ကဲ့သို့ပင် ဆုံးရှုံးမှုကြီးမားနိုင်ပြီး ဥရောပဘောလုံးလောကတစ်ခုလုံးဆုံးရှုံးငွေမှာ ပေါင်(၄.၅)ဘီလီယံခန့် ရှိနိုင်ကြောင်း ဒေါက်တာ ပီတာရိုလ်မန်းက ဆက်လက်ပြောကြားခဲ့သည်။
''တခြားဥရောပလိဂ်ပြိုင်ပွဲတွေလည်း ဒီလိုအခြေအနေမျိုးပါပဲ။ လက်ကျန်ပွဲတွေအတွက်ရရှိမယ့် ကွင်းဝင်ကြေးတွေ ဆုံးရှုံးတာက နည်းပါးပါသေးတယ်။ ဒီလိုအခြေအနေမှာ ပရိသတ်မပါဘဲ ကစားတာကသာ ဒီဆိုးရွားတဲ့အရာတွေကို လျော့ပါးအောင် ပြုလုပ်သလိုဖြစ်စေမှာပါ''ဟု ပီတာရိုလ်မန်းက ပြောကြားခဲ့သည်။
၎င်း၏ပြောကြားချက်အရ ဥရောပထိပ်သီးလိဂ်(၅)ခုဖြစ်သော ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူး အစရှိသည့် လိဂ်များ၏ စုစုပေါင်းဆုံးရှုံးမှုမှာ ပေါင်(၃.၆)ဘီလီယံခန့်အထိ ရှိနိုင်ကြောင်း သိရှိရသည်။ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများသာမက ဥရောပတိုက်ရှိ နိုင်ငံတကာပြိုင်ပွဲများနှင့် ကလပ်အသင်းပြိုင်ပွဲများကို ကြီးမှူး ကျင်းပနေသော ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာလည်း ဆုံးရှုံးမှုအလွန်ကြီးမားနိုင်ကြောင်း သိရှိရသည်။ ယူရို- ၂၀၂၀ ပြိုင်ပွဲကို ယခုနှစ်တွင် မကျင်းပနိုင်ဘဲ လာမည့်နှစ်သို့ ရွှေ့ဆိုင်းကျင်းပရခြင်းအတွက် UEFA သည် ပေါင်(၅၆၅) သန်း (ပေါင် ၀.၅၆၅ ဘီလီယံ) ခန့် နစ်နာဆုံးရှုံးနိုင်ကြောင်း သိရှိရသည်။ အကယ်၍ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အစရှိသော ပြိုင်ပွဲများကိုလည်း သတ်မှတ်ရက်မတိုင်မီ အဆုံးမသတ်နိုင်ခဲ့ပါက UEFA မှာ ယခုထက်ငွေကြေးဆုံးရှုံးမှု ကြီးမားမည် ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
