လီဗာပူးလ်အသင်းသည် လာမည့်နွေရာသီတွင် အသင်း၏ကွင်းလယ်လူတစ်ဦးဖြစ်သူ ရှာကီရီအား ရောင်းချရန်စီစဉ်နေပြီး ၎င်းင်းကိုရောင်းချခြင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၂၈)သန်းရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။
ရှာကီရီသည် ယခုရာသီ လီဗာပူးလ်အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသူဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက် (၂)ပွဲသာ ကစားခွင့်ရရှိထားသူဖြစ်သည်။
ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရှာကီရီအား အငှားခေါ်ယူရန် အသင်းအချို့က ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ငြင်းဆန်ပယ်ချခဲ့သည်။
လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် ရှာကီရီကို အငှားချရန်ထက် အပြီးသတ်ရောင်းချရန်သာ ပိုမိုဆန္ဒရှိနေကြောင်း သိရှိရသည်။
၎င်းအား ခေါ်ယူရန် စပိန်ကလပ် ဆီဗီလာအသင်း၊ စီးရီးအေကလပ် ရိုးမားအသင်းနှင့် ရုရှားကလပ် CSKAမော်စကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ရှာကီရီသည် ၂၀၁၈ နွေရာသီတွင် စတုတ်စီးတီးအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ ကြေး ပေါင်(၁၃.၅)သန်းဖြင့် ရောက်ရှိလာသူဖြစ် သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
