အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများ ရွှေ့ဆိုင်းရမှုရှိနေသော်လည်း နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို မူလသတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ AFFသည် သြဂုတ်အထိကျင်းပမည့် ပြိုင်ပွဲများကိုသာ ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ပြိုင်ပွဲများကိုမူ ပုံမှန်အတိုင်းကျင်းပနိုင်ရန် မျှော်လင့်ထားသည်။ AFF သည် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိကျင်းပရန် စီစဉ်ထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ကိုရိုနာ ဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှသာ ကျင်းပနိုင်ဖွယ် ရှိနေသည်။
AFF သည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို အရှေ့တောင်အာရှ အသင်း ၁၁ သင်းဖြင့် ကျင်းပမည်ဖြစ်သော်လည်း အဆင့်သတ်မှတ်ချက်အနိမ့်ဆုံး နှစ်သင်းမှာ Play-off ကစား၍ အနိုင်ရသည့် တစ်သင်းသာ နောက်ဆုံးအဆင့်သို့ တက် ရောက်ခွင့်ရမည်ဖြစ်သည်။ AFF သည် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားကာ အုပ်စုပွဲများကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲများကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၈ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက်၊ ဒုတိယအကျော့ ကို ဒီဇင်ဘာ ၁၇၊ ၁၈ ရက်၊ ဗိုလ်လုပွဲပထမအကျော့ကို ဒီဇင်ဘာ ၂၃ ရက်၊ ဒုတိယအကျော့ ကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။
AFF သည် ယခုနှစ်ပြိုင်ပွဲအတွက် Title စပွန်ဆာအဖြစ် ဆူဇူကီးကားကုမ္ပဏီ နှင့် ယခုလအတွင်း သဘောတူညီမှုထပ်မံရရှိခဲ့ ပြီး ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ဆူဇူကီးကားကုမ္ပဏီသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၈ ခုနှစ်က တည်းက စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး ဆယ်စု နှစ်တစ်ခုကျော်ကြာ ပံ့ပိုးပေးထားခြင်းဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ပြိုင်ပွဲကျင်းပသည့်ပုံစံကို အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်။ ယခုနှစ်တွင် ကျင်းပမည့်ပုံစံကို ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲတွင် အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုမရဖူးသလို ဗိုလ်လုပွဲပင် တက်ရောက်ဖူးခြင်းမရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အမြင့်ဆုံး ရပ်တည်မှုအဖြစ် ဆီမီးဖိုင်နယ်သို့ နှစ်ကြိမ် တက်ရောက်ဖူးပြီး ၂၀၀၄ ပြိုင်ပွဲတွင် စတုတ္ထ နေရာနှင့် ၂၀၁၆ ပြိုင်ပွဲတွင် ပူးတွဲတတိယ နေရာရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခု နှစ်ကုန်ပိုင်းတွင် ပြိုင်ပွဲများ ဆက်တိုက်ယှဉ် ပြိုင်ရမည်ဖြစ်ပြီး မတ်နှင့် ဇွန်လတွင် ယှဉ် ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲများကို ရွှေ့ဆိုင်းထားရာ အောက်တိုဘာနှင့် နိုဝင်ဘာ တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားခြင်းဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ် ပြိုင်ရခြင်းမရှိသေးဘဲ မတ်လဒုတိယပတ်တွင် ကာလတိုလေ့ကျင့်မှုသာ ပြုလုပ်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကာလတို လေ့ကျင့်သည့်ကာလတွင် MNL နိုင်ငံခြားသားများအသင်းနှင့် ကွင်းပိတ်ခြေစမ်းပွဲ ယှဉ် ပြိုင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းခြေစမ်းပွဲတွင် MNL နိုင်ငံခြားသားများအသင်းကို အပြန်အလှန် သွင်းဂိုးများနှင့်အတူ (၄-၃) ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
