ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖယ်ရင်က ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ရွှေ့ဆိုင်းထားရသည့် ဥရောပလိဂ်ပြိုင်ပွဲများ ပြန်လည်စတင်ရန် အစီအစဉ်သုံးခုရှိပြီး ဇွန်လကုန်အထိ မစတင်နိုင်ပါက ယခုရာသီကို ဖျက်သိမ်းရဖွယ်ရှိကြောင်း သုံးသပ်ပြောကြားသည်။
မတ် ၂၈ ရက်က အီတလီနိုင်ငံထုတ် La Repubblica သတင်းစာနှင့်တွေ့ဆုံစဉ် UEFA ဥက္ကဋ္ဌ ဆယ်ဖယ်ရင်က ယခုလိုပြောကြားခြင်းဖြစ်ပြီး ''အခုလောလောဆယ်မှာ ဒီကပ်ရောဂါကြီး ဘယ်တော့ပြီးမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာတော့ အစီအစဉ် (A)၊ (B) နဲ့ (C) ဆိုပြီး သုံးခုရှိပါတယ်။ ပြိုင်ပွဲတွေပြန်စဖို့ ရွေးချယ်စရာသုံးခုက မေလလယ်ပိုင်း၊ ဇွန်လ ဒါမှ မဟုတ် ဇွန်လကုန်ပိုင်းပါ။ ဒါပေမဲ့ အဲဒီသတ်မှတ်ထားတဲ့ရက်တွေမှာ ပြန်စဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ ရာသီကို လက်လွှတ်လိုက်ရဖို့ ရှိပါတယ်''ဟု ဆိုသည်။
ထို့ပြင် ပြည်တွင်းလိဂ်ပြိုင်ပွဲများနှင့် ဥရောပပြိုင်ပွဲများကို ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပရန် ဆန္ဒမရှိသလို ယခုရာသီပြီးဆုံးချိန်နောက်ကျပါက လာမည့်ရာသီစတင်ချိန်ကိုလည်း နောက်သို့ အနည်းငယ်ရွှေ့ဆိုင်းဖွယ်ရှိကြောင်း UEFA ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
''ပွဲတွေအားလုံးကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ဆိုတာ ကျွန်တော့်အတွက်တော့ တွေးကြည့်ဖို့တောင် ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘယ်အချိန်ပြန်စနိုင်မလဲ၊ ပရိသတ်တွေနဲ့ကျင်းပမှာလား၊ ပရိသတ်မပါဘူးလားဆိုတာ မသိနိုင်သေးပါဘူး။ တခြားရွေးချယ်စရာမရှိဘူးဆိုရင်တော့ ချန်ပီယံရှစ်တွေ(လိဂ် ပြိုင်ပွဲတွေ)ကို အားလုံးပြီးဆုံးချိန်ထိ ကျင်းပတာ ပိုကောင်းပါတယ်။ နောက်ရာသီစတင်ချိန်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါက နောက်ရာသီစတင်ချိန်ကို နောက်ကိုနည်းနည်းရွှေ့ဆိုင်းဖို့ပါ။ လိဂ်ပြိုင်ပွဲတွေနဲ့ ကလပ်အသင်းတွေအတွက် အကောင်းဆုံးဖြစ်မယ့်အဖြေကို ကျွန်တော်တို့ ရှာဖွေသွားမှာပါ''ဟု ဆယ်ဖယ်ရင်က ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်၏ လက်ရှိအခြေအနေအရ မေလဆန်းတွင်လည်း လိဂ်ပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် မသေချာသေးကြောင်း သုံးသပ်မှုများရှိနေသည်။
အကယ်၍ ရာသီပြီးဆုံးချိန်အထိ ဆက်လက်ကစားခွင့်မရဘဲ ဖျက်သိမ်းရပါက အမှတ်ပေးချန်ပီယံဆုအတွက် နှစ် ၃၀ ကြာ စောင့်ဆိုင်းနေရသည့် လီဗာပူးလ်အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်လာစေနိုင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
